ABC
ရန်ကုန် ဗိုလ်တစ်ထောင်မြို့နယ်က အစ္စလာမ်ဘာသာရေးကျောင်း မီးလောင်မှုကို စုံစမ်းဖို့ အစိုးရက ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။
ဒီမီးလောင်မှုဟာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအကြမ်းဖက်မှုတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ တချို့က သံသယဖြစ်ကြတာကို ရှင်းရှင်းလင်းလင်းသိရဖို့ ခုလို အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်တာ ဖြစ်ပါတယ်။
မီးလောင်မှုဟာ လျှပ်စစ် မီးအား မြင့်စက်က ဖြစ်ပြီး ကျောင်း တာဝန်ရှိတွေရဲ့ ပေါ့ဆမှုကြောင့် မီးက ထိန်းမရပဲ သေဆုံးတဲ့အထိ ဖြစ်ရတာလို့ ရဲတွေက ပြောနေပြီး ရဲတွေရဲ့ သက်သေ အထောက်အထား တွေကိုလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို လွဲပြောင်းပေးအပ်လိုက်ပြီလို့ ရဲအရာရှိ ဦးမြင့်အေးက အေဖက်ပီသတင်းကို ပြောပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆရာတစ်ဦးကို မေးမြန်းဖို့ ရဲတွေက ထိန်းသိမ်းထားပြီး နောက်တစ်ဦးက ထွက်ပြေးနေတဲ့အတွက် ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။
ကျောင်းတာဝန်ရှိက သူတို့ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတယ်ဆိုတာ ပြောဖို့ ဝန်လေးတဲ့အတွက် မီးလောင်မှုဟာ ရှို့မီးဖြစ်တယ်လို့ ကောလဟာလတွေ လျောက်ပြောနေတာဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီကျောင်းမှာ ကလေး အယောက် ၇၀ လောက်ရှိပြီး သေဆုံးသူ ၁၃ ဦးက မီးခိုးမွန်ပြီး သေဆုံးတာလို့ ရဲတွေက ပြောပါတယ်။
အစပိုင်းတုန်းက ရှို့မီးဖြစ်နိုင်တယ်လို့ သံသယဖြစ်ခဲ့သူ မြန်မာနိုင်ငံမှုစလင်အဖွဲ့ရဲ့ အကြီးအကဲကတော့ အခု ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လက်ခံကြောင်း ဒီမီးလောင်မှုဟာ ကျောင်းတာဝန်ခံတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်တာလို့ ယူဆကြောင်း ပြောပါတယ်။
No comments:
Post a Comment