ABC
မြန်မာနိုင်ငံက အဓိကအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလအတွင်းမှာပဲ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်ဟာ အခုလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၅ ရက်ကြာရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါအပါအဝင် ဂျပန်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက မနေ့ကပဲ ကြေညာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံဖွားတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ၁၉၈၅ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တွေအတွင်း သူခေတ္တသွားရောက်ခဲ့ဖူးတဲ့ ကျိုတိုမြို့ကိုလည်း လည်ပတ်ဖို့ အစီအစဉ် ရှိတယ်ဆိုတဲ့အကြောင်း ခရီးစီစဉ်သူတွေနဲ့ နီးစပ်သူတွေရဲ့ပြောဆိုချက်အရ သိရတယ်လို့ ကျိုဒိုသတင်းဌာနမှာ ဖေါ်ပြထားပါတယ်။
အခုဂျပန်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဦးဆုံး ခရီးစဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လာရောက်လည်ပတ်မှုကြောင့် ဂျပန်-မြန်မာနှစ်နိုင်ငံအကြား နားလည်မှုပိုမိုတိုးပွားလာသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှုအကြောင်းကို ဂျပန်နိုင်ငံအတွင်းမှာ နားလည်မှုပိုပြီးတိုးပွားလာဖို့ မျှော်လင့်မိတဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက ဖေါ်ပြခဲ့ပါတယ်။
အခုအခါမှာ လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာတဲ့ အမျိုးသားဒီမိုကရေစီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အထိန်းသိမ်းခံထားရာကနေလွတ်မြောက်လာပြီးနောက်ပိုင်း ပြည်ပခရီးစဉ်တွေ တောက်လျောက်သွားလာနေခဲ့ရာက အခုတစ်ခေါက်မှာတော့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment