ABC
မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုတွေကို အကူညီတွေတိုက်ရိုက်ပေးနိုင်ဖို့အတွက် အသင့်အနေထားမှာရှိနေပြီးလို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shinzo Abe က မနေ့ကပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရောက်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ ပြောပြချက်အရ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား တွေကို တိုက်ရိုက် အကူအညီ ပေးနိုင်မယ့် မူဘောင်တခုကို စတင်ပြုလုပ်မယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ နေရာသုံးခုဖြစ်တဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ အရေအချင်းမြင့်တင်ရေးနဲ့ အခြေခံအဆောက်အဦး ဆောက်လုပ်ရေးတွေမှာ ပူးပေါင်းလုပ်ဆောင်မှုတွေလုပ်နေပြီး ဆက်လက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားမယ်လို့ ဂျပန်နိုင်ငံက ဝန်ကြီးချုပ် Shinzo Abe က ညီညွတ်သောတိုင်းရင်းဖဒရယ်ကောင်စီ - UNFC ဥက္ကဌ ဦးအင်ဘန်လကို ပြောသွားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကတိုင်းရင်းသား လူနည်းစုတွေအနေနဲ့ နိုင်ငံရေးပြဿနာမှာ အတည်တကျဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြည်ထောင်စုစနစ် အုပ်ရေးဖြစ်အောင် မျော်လင့်ကြောင်းနဲ့ အဲဒီအတွက် ဂျပန်နိုင်ငံအနေနဲ့စေ့စပ်ဆွေးမှုတွေပိုမို ပူးပေါင်းလုပ်ဆောင်ပေးဖို့ UNFC ဥက္ကဌက အစည်းအဝေးအပြီးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင်မှာ UNFC ဥက္ကဌနဲ့ ကိုယ်စားလှယ်တွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က မြန်မာနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ဂျပန်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံက အမျိုးသားစည်းလုံးညီညွတ်ရေးဖြစ်မြောက်အောင် ပိုမိုကြိုးစား ကူညီပေးမယ်လို့လည်း သိရပါတယ်။
No comments:
Post a Comment