Sunday, August 25, 2013

ရွေဘိုခရိုင် ထန်းကုန်ရွာတွင် မုဒိန်းကျင့်ရန် ကြိုးစားသူမွတ်ဆလင်တစ်ဦးကြောင့် မီးရှို့မှု့ ဖြစ်ပွား

ကိုကို

ရွှေဘိုခရိုင် ထန်းကုန်းရွာတွင် ဗုဒ္ဇဘာသာ မြန်မာအမျိုးသမီး တစ်ဦးအား မူဆလင် တစ်ဦးက မုဒိန်းကျင့်ရန် ကြိုးစားသောကြောင့် ဒေါသထွက်သော ရွာသား ၁၀၀၀ ခန့် က မူဆလင်နေအိမ်များကို မနေ့စနေ့ မနက်ပိုင်ွးနေ့တွင်မီးရှို့ ဖြစ် ပွားကြောင်းသိရသည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် မူဆလင်နေအိမ်များသို့ တုတ်များ၊ ဒါးများကိုကိုင်ဆောင်ပြီး ချီတက်သွားသော လူ ၁၀၀၀ ခန့်ကို မြင်လိုက်ရကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

ထို့နောက် ရဲသားနှင့် စစ်တပ်ရောက်ရှိလားပြီး သေနတ်ထောင်ဖောက်ကာ လူစုခွဲလိုက်ရသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။ မုဒိန်းကျင့်ရန်ကြိုးစားသူအား ရဲများက ဖမ်းဆီးထားလိုက်သော်လည်း ဒေါသထွက်နေသော တန်းကုန်းရွားသားများမှာ မူဆလင်များနေအိမ်ကို စတင် မီးရှို့ကြကြောင်း သိရသည်။

အသက် ၂၅ အရွယ် မလှပြည့် အလုပ်ပြန်လာစဉ် မူဆလင် ဘာသာဝင်တစ်ဦးက လက်ဆွဲပြီး မုဒိန်းကျင့်ရန်ကြိုးစားသဖြင့် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးတွင်ရှိသော လယ်လုပ်နေသူများထံမှာ အကူအညီတောင်းခံခဲ့သည်။ အဆိုပါ မူဆလင်အား ယခုအခါရဲက ထိမ်းသိမ်းထားပြီး ဖြစ်သည်။

အဆိုပါ ဒေါသထွက်နေသော လူအုပ်ကြီးမှာ တရားခံကို ထုတ်ပေးရန် တောင်းဆိုရာ ထုတ်မပေးသဖြင့် မူဆလင်ပိုင်များ နှင့် မူဆလင်အိမ်များကို စတင်မီးရှို့ ကြကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

ကျွန်တော်က ဘူတာ အနောက်ဘက်အိမ်ဆိုတော့ လူအုပ်ကြီးက ဆင်းလာပြီးတော့ အိမ်အောက်က တံခါးတွေကို ရိုက်ဖျက်ဆီးပြီး၊ကျွန်တော် ဈေးရောင်းတဲ့ ပစ္စည်းတွေကို တစ်နိုင်တစ်ပိုင်၊ကားတွေ၊လှည်းတွေနဲသယ်သွားပါတယ်။ ဒေသခံတွေပါပဲဗျာ၊ထန်းကုန်းတိုက်နယ် ပတ်လည်က ဒေသခံတွေပါဗျာ"

အကြမ်းဖက်မီးရှို့မှုတွေကြောင့် နေအိမ် အလုံး ၃၀ကျော်နဲ့ ဈေးဆိုင် တချို့ မီးလောင်ကျွမ်းခဲ့ပေမယ့် လူအသေအပျောက်တော့ မရှိခဲ့ဘူးလို့ ဒေသခံတွေနဲ့ ကန့်ဘလူ ရဲစခန်းက ပြောပါတယ်။

မနေ့က ထန်းကုန်းရွာမှာ လာရောက်နေထိုင်သူ အမျိုးသမီးတဦးကို အစ္စလမ်ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီး အဲဒီလို အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တာလိုဒေသခံတွေက ဆိုပါတယ်။ အကြမ်းဖက်မှုတွေဟာ ဒီကနေ့ မနက် ၃နာရီခွဲ အချိန်လောက် အထိ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ တည်ငြိမ်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

No comments: