ရွှေဟင်္သာ
မန်မာ အစိုးရ တပ်များသည် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသ တွင် စိုက်ပျိုးထား သော ဘိန်းခင်း များကို သက်ဆိုင်ရာ မြန်မာ အစိုးရ အဖွဲ့ များက လိုက်လံ ဖျက်ဆီးနေ သည်ဟု ပန်ဆေးမြို့ခံ တဦးက ဆိုပါသည်။
“ ဒီဒေသ ဟာ ဘိန်းစိုက်တဲ့ နေရာမှာ နာမည်ကြီး နေသလို တကယ်လည်း စိုက်နေ ပါတယ်။ တာဝန်ရှိသူတွေ ပြော တာကတော့ ဇန္နာဝါရီ (၂၈)ရက်နေ့ က တည်းက စပြီး ဖျက်ဆီးနေ ပါတယ်။ တပ်ရယ်၊ ပြည်သူ့စစ်ရယ်။ သက်ဆိုင် အစိုးရ ဌာန တွေလည်း ပါပါတယ်။ ဒါပေမဲ့ မိုးက ကွက်ကျားဘဲ ရွာနေတာ တပြေးညီ မဖြစ်ပါ ဘူးလို့ ” ဒေသခံ တဦး ဖြစ်သူ ကိုပန်လုံ က ဆိုပါသည်။
ယင်းဘိန်း ခင်းဖျက် ဆီးသည့် စစ်ဆင်ရေး တွင်ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့ အခြေစိုက် အင်အား (၁၀၀)ခန့်ရှိသည့် အမှတ် (၃၂၄) ခြေမြန် တပ်ရင်းမှ ဦးဆောင်ပြီး ပြီးခဲ့ သည့် ဇန္နာဝါရီ (၂၈)ရက်နေ့မှ စတင်ကာ ယမာန်နေ့ အထိ လိုက်လံ ဖျက်ဆီး နေပါသည်။ တရုတ် မြန်မာ နယ်စပ် အနီး-လွှတ်တော် ကိုယ်စား လှယ်ပန်းဆေး ကျော်မြင့် ၏ ပြည် သူ့စစ် နှင့် အရှေ့မြောက် တိုင်း (ရမခ) စစ်ဗျူဟာ အခြေချ လှုပ်ရှားရာ ဒေသရှိ ဘိန်း ခင်း များကို လိုက်လံ ဖျက် ဆီး နေ ခြင်း ဖြစ်ပါသည်။
ပန်ဆေး ကျော်မြင့် သည် နမ်ခမ်းမြို့နယ် ပြည်သူ့ ကိုယ်စားလှယ် တဦးဖြစ်ပြီး ၄င်းတွင် ပန်ဆေး ဒေသခံ ပြည်သူ့ စစ် တပ်ဖွဲ့ များ ရှိပါသည်။ ၄င်းတပ် ဖွဲ့မှ တရွာ လျှင် (၃)ဧက မှ (၅) ဧက နှုန်းဖြင့် ခွဲတမ်းချပြီး ဖျက်ဆီးခဲ့ကြကြောင်း ဒေသ ခံက ဆိုပါသည်။
“ ဟုတ်ပါ တယ်။ ဒါတောင်မှ ပလောင် စိုက်ခင်းတွေဘဲ ထိတယ်။ တရုတ်စိုက် ခင်းတွေကျ တော့ မဖျက်ဘူးဗျ။ ကျ နော် တို့ ရွာ က (၃) ခြံ အဖျက်ခံရ တယ်။ (၄) ဧကခွဲ လောက်ရှိ မယ်။ စီမံကိန်းနဲ့ ပါ။ ဒီနှစ်မှာ ကျနော်တို့ ခြံ အဖျက် ခံရတယ် ဆိုရင် နောက်နှစ် မှာ ကျနော်တို့ မခံရတော့ ဘူးပေါ့။ ဒါပေမဲ့ ငွေပေးလို့ ရပါတယ်။” ဟု အိုက်ဆေးက ဆိုပါ သည်။
စီမံချက် ဆိုသော် လည်း မျှတမှု မရှိပေ။ တရုတ် စိုက်ခင်း များမှာမူ ၄င်းတို့သည် အစိုးရ၏ ဘိန်းခြံ တိုက်ဖျက်ရေး အဖွဲ့ နှင့် ပန်ဆေးပြည် သူ့စစ်တို့ အား ငွေပေး ကြပါသည်။ ဤသို့ကြောင့် ပလောင် စိုက်ခင်း များသာ အဖျက်ခံ နေရခြင်း ဖြစ်ကြောင်း ဆိုပါသည်။ (၄) အတွင်း စိုက်ဧက (၂၀) မျှ ဖျက်ဆီးနိုင်ခဲ့ ကြောင်း ခန့် မှန်းကြ ပါသည်။
ပန်ဆေး ဒေသ ဘိန်းစိုက် သူများ၏ ခန့်မှန်း ခြေအရ ၂၀၁၄ ခုနှစ် ဘိန်းစိုက် ပျိုးရာသီတွင် ပန်ဆေး ဒေသ တွင် ဧက သုံးသောင်း ကျော် စိုက်ပျိုး ခဲ့ကြသည် ဟု ခန့်မှန်းကြ ပါသည်။ အနယ်နယ် အရပ်ရပ်က ပလောင်တို့သည် အလုပ် လက်မဲ့ များလာပြီး လက်ဖက် စီးပွားရေး ကျဆင်း နေသဖြင့် ပန်းဆေး နယ်ကို သွားပြီး ဘိန်းစိုက်ပျိုး ကြပါသည်။
၂၀၁၃ ခုနှစ် ဘိန်းစိုက်ပျိုး ရာသီတွင် ဧက နှစ်သောင်းခွဲ ကျော် စိုက်ပျိုးခဲ့ သည်ဟု ပန်ဆေး ပြည်သူ့စစ် က ပြော ကြောင်း ဘိန်းစိုက် ပျိုးသူ ပန်ဆေးမြို့မှ ကို အိုက်ဆေး က ဆိုပါသည်။ ရရှိလာသော ဘိန်းရည်များ ကို ပြည်သူ့စစ် ကိုယ်စားလှယ် များနှင့် တရုတ် ၀ယ်လက် ကိုယ်စားလှယ် များအား ရောင်းချကြ ပါသည်။
“ စိုက်သူတွေ များလာ တယ်။ စိုက်မြေက ရှားလာ တယ်။ ကျနော်တို့ ဒေသမှာ နေရာတိုင်း စိုက်လို့ ရပေမဲ့ လုံခြုံရေး ပြသနာက အရမ်း အရေး ကြီးပါတယ်။ လုံခြုံရေး ပေးနိုင်တဲ့ နေရာကို ရွေးပြီးမှ စိုက်ရတယ်လေ။ တချို့ပလောင် ရွာ တွေက ခိုးစိုက်တာ ရှိပါတယ်။ ဒါပေမဲ့ (TNLA) ရဲ့ ဖျက်ဆီးတာ ကို ခံရတာ ချည်း ပါဘဲ။ ဒါပေမဲ့ ကောင်းတာက သူတို့ က လူကို ရန်မရှာဘူး။ ၀ယ်လက်နဲ့ ဘိန်းချက်တဲ့ သူရယ်။ စခန်းတွေရယ် ကိုဘဲ အရေးယူ ကြတယ်လေ။ ဒါပေမဲ့ စီး ပွားပျက် တာပေါ့ အလုပ် အကိုင် မှမရှိဘဲ။ ” ဟု ဆိုပါသည်။
ဘိန်းဝယ်လက် များမှာ တရုတ် ကုန်သည်များ နှင့် ပြည်သူ့စစ် များသာ ဖြစ်ပြီး ၄င်းတို့၏ အကူ အညီဖြင့် စိုက်ခွင့် ရကြ ကြောင်း ဆိုပါသည်။ ၄င်းတို့ ထံမှ စိုက် ခွင့်ရထား သူများသည် တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ဖျက်ဆီးမှု ကို အကာ အကွယ် ပေးပြီး စိုက်ပျိုးသည့် တောင်သူများ ကိုပါ လုံခြုံေ ရး ပေးထားကြ ပါသည်။
ပလောင် ဒေသ၏ လက်ဖက် စီးပွား ရေးသည် လုံးဝကျဆင်း နေသည်ဟု ဆိုပါသည်။ ဤကဲ့သို့ အေခြအနေ ကြောင့် ပလောင် တို့သည် စိုက်ခင်းကို ပစ်ပြီး၊ ဘိန်း စိုက် ပျိုးမှု ရနိုင်သည့် နေရာသို့ သွားရောက် စိုက်ပျိုးခြင်း၊ တရုတ်နယ် စပ် သို့ အလုပ်ရှာဖွေ ခြင်းဖြင့် အသက်မွေး ၀မ်းကြောင်း နေကြ ရပါသည်။
(TNLA) တို့ကမူ မူးရစ်ဆေး ပြသနာ ကြီးထွားနေမှု သည် ပလောင်လူမျိုး အတွက် အမျိုးသားရေး အဆင့် အနေဖြင့် တိုက်ဖျက် ရတော့မည် ဖြစ်သည်ဟု စီမံကိန်း ချပြီး (၂၀၁၂)ခုနှစ် ကတည်းက တိုက်ဖျက် လာခဲ့ပါသည်။ ယခု (၂၀၁၄) ခုနှစ် ဘိန်းပျိုး ရာသီကို လည်း ကျောက်မဲ- မိုးကုတ်-မိုးမိတ် မြို့နယ် များရှိ ဘိန်းစိုက်ခင်း များအား ပြီးခဲ့သည့် ဇန္နာဝါရီ ဒုတိယ အပါတ် မှ ယနေ့အထိ လိုက်လံ ဖျက်ဆီး နေခဲ့ရာ ဧက တရာကျော် ဖျက်ဆီးပြီး ဖြစ်သည်ဟု TNLA ကဆိုပါ သည်။
No comments:
Post a Comment