Monday, September 1, 2014

မြန်မာ့လူဦးရေ ခန့်မှန်းတာထက် နည်းနေ

ABC

မြန်မာ ​နိုင်ငံ ​တနိုင်ငံလုံးရဲ့ ​လူဦးရေ ​စာရင်းဟာ ​၅၁ ​သန်းကျော် ​ရှိတယ်လို့ ​အစိုးရက ​ထုတ်ပြန်လိုက်ပြီး ​ခန့်မှန်းထားတာထက် ​လျော့နည်းနေပါတယ်။

အရင်က ​မြန်မာနိုင်ငံမှာ ​လူဦးရေ ​သန်း ​၆၀ ​လောက်ရှိမယ်လို့ ​ခန့်မှန်းထား ​ခဲ့ပေမယ့် ​စနေနေ့က ​ထုတ်ပြန်ခဲ့တဲ့ ​ရှေ့ပြေး ​စာရင်း ​အရ ​၅၁ ​သန်း ​ကျော်သာ ​ရှိတယ်လို့ ​လူဝင်မှု ​ကြီးကြပ်ရေးနဲ့ ​ပြည်သူ့ ​အင်အား ​ဦးစီးဌာနက ​ပြောပါတယ်။

ပြည်တွင်းစစ်နဲ့ ​ပဋိပက္ခ ​တွေကြောင့် ​ကချင်ပြည်နယ်၊ ​ရခိုင်ပြည်နယ်နဲ့ ​ကရင်ပြည်နယ် ​တွေမှာ ​လူဦးရေ ​စာရင်း ​အတိအကျ ​မကောက်ခံနိုင်ခဲ့ပဲ ​ခန့်မှန်းခြေ ​အနေ ​နဲ့သာ ​ကောက်ခံ ​ဖော်ပြ ​ထားတာ ​ဖြစ်ကြောင်း ​လည်း ​ဆိုပါတယ်။

လူဦးရေ ​စာရင်း ​အတိအကျကို ​လာမယ့် ​နှစ်ကျမှပဲ ​ထုတ်ပြန်နိုင်မှာ ​ဖြစ်တယ် ​လို့လည်း ​လူဝင်မှု ​ကြီးကြပ်ရေးနဲ့ ​ပြည်သူ့ ​အင်အား ​ဦးစီးဌာနက ​ပြောပါတယ်။

မြန်မာနိုင်ငံက ​သန်းခေါင် ​စာရင်းကို ​ပြီးခဲ့တဲ့ ​မတ်လ ​၃၀ ​ရက်နေ့ကနေ ​ဧပြီလ ​၁၀ ​ရက်နေ့အထိ ​ကောက်ခံခဲ့တာဖြစ်ပြီး ​နှစ်ပေါင်း ​၃၀ ​အတွင်းမှာ ​ပထမအကြိမ် ​ကောက်ခံနိုင် ​ခဲ့တာလည်း ​ဖြစ်ပါတယ်။

No comments: