ရေခဲ (ပြည်)
လက်ပံတောင်းကြေးနီစီမံကိန်း ဧရိယာအတွင်း ဒေသခံတို့နှင့် ပဋိပက္ခ မကြာ ခဏဖြစ်လေ့ရှိသည့် တရုတ် နိုင်ငံမှ ၀မ်ပေါင် ကုမ္ပဏီမြန်မာနိုင်ငံ မှအမြန်ဆုံး ထွက်ခွာ သွားရန်ဟု ဆို၍ ပြည်မြို့ရှိ နိုင်ငံရေး တက်ကြွလှုပ် ရှားသူတို့က ဒီဇင်ဘာ ၂၆ ရက်တွင် ဆန္ဒပြသည်။
“ဒေါ်ခင်ဝင်း သေဆုံး တဲ့ဖြစ်စဉ်မှာ တရုတ် ၀မ်ပေါင် ကုမ္ပဏီနဲ့ အစိုးရမှာ တာဝန် ရှိတယ်။ ၀မ်ပေါင် ကုမ္ပဏီကို မြန်မာ့မြေက အမြန်ဆုံး ထွက်သွားစေ ချင်တဲ့အ တွက်မီးရှို့ ဆန္ဒပြတယ်”ဟု ဦးဆောင်သူ ကိုတိုးကြီး ကပြောသည်။
၎င်းတို့က ဒီဇင်ဘာ ၂၂ ရက် ပဋိပက္ခ အတွင်း ရဲတပ်ဖွဲ့ ပစ်ခတ် မှုကြောင့် ဦးခေါင်းသေနတ် မှန်ဒဏ် ရာဖြင့်သေဆုံးခဲ့ ရသောဒေသ ခံဒေါ်ခင်ဝင်း ၏ဖြစ်ရပ်ကို ရှုတ်ချကြပြီး ၀မ်ပေါင်+ ဦးပိုင်ဟု ရေးသား ထားသော စာရွက်များကိုမီးရှို့ခြင်း၊ ဗိုလ်ချုပ်လမ်း၊ ရွှေဆံတော် ဘုရားရှေ့၊ ကိုသောင်း လမ်းဆုံတို့သို့ အသွား အပြန် ချီတက်ကြသည်။
ဆန္ဒပြသူတို့ကလက်ပံတောင်း လူသတ်တရားခံများအား ဖော်ထုတ်ရေး၊ ၀မ်ပေါင်နှင့်ဦးပိုင်ကို ကာကွယ်ပေးသော အစိုးရ အလိုမရှိ၊ တရုတ်ဝမ်ပေါင် ကျူးကျော် မှုများ ဖျက်သိမ်းရေး၊ အကြမ်း ဖက်လုပ်ရပ် ချက်ချင်းရပ် ၊ လူသတ် ၀ါဒအလို မရှိစသဖြင့် ကြွေးကြော်သည်။
တရုတ်နိုင်ငံမှ ၀မ်ပေါင်သည် တပ်မတော်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်နှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်အတွင်း လက်ပံတောင်း ကြေးနီ စီမံကိန်းကို ဖော်ဆောင်နေသည့် ကုမ္ပဏီဖြစ် သည်။
အဆိုပါ စီမံကိန်းကိုဒေသခံတို့က အပြင်းအထန် ကန့်ကွက်နေကြပြီး လက်ရှိတွင်လျော်ကြေးမယူ၊ နေရာ ရွှေ့ ပြောင်းခြင်းမပြုသော နေရာ များအတွင်း ကုမ္ပဏီ ဘက်က ခြံစည်းရိုးခတ်ရာမှ ဒေသခံတို့နှင့် ပဋိပက်္ခ များ တစ်ကျော့ ပြန်ဖြစ်ပွားနေသည်။ ပြည်မြို့တွင် ယင်းအရေး ဖြေရှင်းပေးရန် သပိတ်စခန်းဖွင့်တောင်း ဆိုနေကြသည်။
No comments:
Post a Comment