ယုဝေ
HIV/AIDS လူနာများ ပိုးကောင်ရေ စစ်ဆေးမှုလုပ်ဆောင်ရန် မြန်မာနိုင်ငံနှင့် နယ်စည်းမထား ဆရာဝန် များအဖွဲ့ (MSF) အားနည်းသည့် အတွက် ပိုးကောင်ရေ စမ်းသပ် စစ်ဆေးမှု အဆင့်မြှင့်တင်ရန် MSF၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲနှင့် Mérieux ဖောင်ဒေးရှင်းတို့ သဘောတူ လက်မှတ်ရေး ထိုးလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။
HIV/AIDS လူနာ၏ သွေးအတွင်းရှိ ပိုးကောင်ရေ စမ်းသပ် စစ်ဆေးမှု Viral Load Testing ပြုလုပ်ခြင်းအား ဖြင့် အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ် ပမာဏကို တိုင်းတာနိုင် မည် ဖြစ်ပြီး လူနာ ၏ရောဂါ ကုသမှုနှင့် ပတ်သက် ၍ဆုံး ဖြတ်ချက် များကို ချမှတ် ရာတွင် အရေး ပါသော စစ်ဆေး မှုဖြစ်သည်။ ထိုစစ်ဆေး မှုမှတစ်ဆင့် လူနာ များသောက် သုံးနေသည့် ဆေးဝါးကုသမှုသည့် အကျိုးသက်ရောက်မှု ရှိ၊ မရှိ ကို သိရှိနိုင် မည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ် ရေးနှင့် ပြုစုစောင့်ရှောက်ရေး စင်တာ NHAPCC မှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းက “တကယ့်ကယ် ပိုးကောင်ရေ စစ်တာက အရမ်းဈေးကြီး တယ်။ လူတိုင်း မတတ်နိုင်ဘူး။ တကယ်လုပ်ပေးနိုင်ရင် ကောင်းပါတယ်။ တစ်ပြည်လုံး အတိုင်း အတာ နဲ့လုပ်ပေးနိုင်ရင် ပိုကောင်း တာပေါ့” ဟုပြောသည်။
မြန်မာနိုင်ငံတွင် သွေးအတွင်းရှိ ပိုးကောင်ရေစမ်းသပ်စစ်ဆေးမှု အဖြေမှားယွင်းမှုများ ရှိသည်ကိုလည်း တွေ့ရှိရသည်ဟု ၎င်းကဆိုသည်။ HIV/AIDS လူနာများ ကိုအခမဲ့ ကုသ စောင့်ရှောက် မှုပေးနေသည့် ကရုဏာလရိပ် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုး ၀င်းက “ CD4 count ကိုစစ်တာပေါ့။
အဲ့ဒါကို စစ်တာက သုံးလေးသောင်းလောက်ရှိတယ်။ ခုခံအား ဘယ် လောက်ရှိသလဲ ရောဂါပိုးက ဘယ်လောက်ရှိသလဲ စစ်တာ။ အဲ့ဒါက စစ်ကို စစ်ရမှာ။ ပေးရ မယ့်ဆေးကို စစ်ဆေးချက်ကို ကြည့်ပြီးပေးရတာ” ဟု ပြောသည်။
HIV/AIDS လူနာများ အတွက် ဆေးယဉ် ပါးမှုရှိ၊ မရှိသိရှိနိုင်ရန် ပိုးကောင်ရေ စမ်းသပ် စစ်ဆေးမှုမှာ အကောင်းဆုံး စစ်ဆေး မှုဖြစ် သည်ဟု ကမ္ဘာနှင့် အ၀ှမ်း လက်ခံ ထားသည်။
No comments:
Post a Comment