Saturday, December 27, 2014

လူသတ်မှုဖြင့် မင်းအုပ်စိုးကို အင်းစိန်ထောင်သို့ပို့၊ ဇန်နဝါရီလ ၈ရက်တွင် ရုံးထုတ် စစ်ဆေးမည်

ယုဝေ

ဒါရိုက်တာ၊ သရုပ်ဆောင် မင်းအုပ်စိုးကို ဗဟန်းမြို့နယ်တရားရုံးတွင် လူသတ်မှုဖြင့် အမှုဖွင့်ရုံး ထုတ်၍ ရမန်ယူအပြီးတွင် အင်းစိန်ထောင်သို့ ဒီဇင်ဘာ ၂၆ရက်က ပို့ဆောင်လိုက်သည်ဟု ဗဟန်းမြို့နယ်၊ ရဲစခန်းမှူး၊ ဒုရဲမှူး သိန်းဝင်းက မဇ္ဈိမကို ပြောသည်။

မင်းအုပ်စိုးသည် ၎င်းနှင့်တစ်အိမ်တည်းနေသည့် သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုရင် (အသက် ၃၃နှစ်)ကို ရိုက်နှက်ထိုးကြိတ်ခြင်းကြောင့် သေဆုံးခဲ့သဖြင့် ဗဟန်းမြို့နယ်ရဲစခန်းတွင် လူသတ်မှု (ပ) ၅၁၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ခဲ့ဖြင်းဖြစ်သည်။

ဗဟန်းမြို့နယ် ရဲစခန်းမှုး ဒုရဲမှုးသိန်းဝင်းက “မနေ့က ရမန်ယူပြီးတာနဲ့ အင်းစိန်ထောင်ကိုပို့လိုက်တာပါ။ ရုံးထုတ်စစ်ဆေးမယ့်ရက်က ဇန်န၀ါရီလ ၈ ရက်ပါ” ဟု ပြောသည်။

မင်းအုပ်စိုးက ညီမဖြစ်သူအား လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကြောက်ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ရင်ဘတ်၊ ကျောနှင့် မျက်နှာတို့တွင် ညိုမဲဒဏ်ရာ များရရှိ ကာ ဒီဇင်ဘာ ၂၅ရက် နံနက် ၂နာရီခွဲတွင် သေဆုံးခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲစခန်းမှ စခန်းမှူးက ဆိုသည်။

မတေးနုရင်မှာ မင်းအုပ်စိုးနှင့် ညီမတော်စပ်ခြင်းမရှိဘဲ မင်းအုပ်စိုး၏ နေအိမ်တွင် လွန်ခဲ့သည့် ခြောက်နှစ်ကတ ည်းက နေထိုင်သူဖြစ်သည်ဟု ဗဟန်းမြို့နယ် စခန်းမှူးက ဒီဇင်ဘာ ၂၅ရက်က မဇ္ဈိမကို အတည်ပြုထားသည်။

No comments: