ABC
မြန်မာနိုင်ငံသား မူးယစ်ရာဇာ နော်ခမ်းနဲ့ အပေါင်းအပါ သုံးယောက်ကို တရုတ်နိုင်ငံတရားရုံးက ဒီကနေ့မှာ ဆေးထိုးသတ်ဖို့ ပစ်ဒဏ် ချမှတ် လိုက်တယ်လို့ သိရပါတယ်။
မဲခေါင်ဒေသမှာ ကူးသန်းသွားလာတဲ့ တရုတ်နိုင်ငံပိုင် သင်္ဘောပေါ်က တရုတ်နိုင်ငံသား ၁၃ ယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် ကူ မင်း မြို့ ပြည်သူ့ တရားရုံးက သေဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
နော်ခမ်းနဲ့အတူ အပေါင်းပါတွေဖြစ်တဲ့ ထိုင်းနိုင်ငံသားတစ်ဦး၊ လာအိုနိုင်ငံသားတစ်ဦးနဲ့ နိုင်ငံမဲ့သူ တစ်ဦးတို့ သေဒဏ် ချမှတ် ခံရတာ ဖြစ်ပြီး ဆွေမျိုး တွေနဲ့ နောက်ဆုံး အကြိမ် တွေ့ဆုံ နှုတ်ဆက်ခွင့် ပေးခဲ့ပြီလို့ သိရပါတယ်။
သူတို့ရဲ့ ပိုင်ဆိုင်မှုကိုလည်း မိသားစု ဆွေမျိုးတွေနဲ့ ဆိုင်ရာနိုင်ငံက ကောင်စစ်ဝန်ရုံးကို ပေးသွားမှာ ဖြစ်ပါတယ်။
ခုလောလော လုံခြုံရေးအရ အားလုံးကို တိုက်ပိတ်ထားပြီလို့လည်း တရုတ်အာဏာပိုင်က ပြောပါတယ်။
နော်ခမ်းနဲ့အဖွဲ့သားတွေ တရုတ်နိုင်ငံသား ၁၃ ယောက်ကို သတ်ဖြတ်ပြီးနောက် မဲခေါင်ဒေသကို တရုတ်လုံခြုံရေးတပ် ကင်းလှည့်ခွင့်ရလာပြီး မြန်မာ၊ လာအို၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်နယ်စပ်တလျောက်မှာ ခြေဆန့်မှုတွေ ချုပ်ချယ်မှုတွေ ပိုမိုလုပ်နိုင်ခဲ့ပါတယ်။
No comments:
Post a Comment