မီရယ်
ထိုင်း-မြန်မာနယ်စပ်က ကရင်နီ ဒုက္ခသည်တွေအနေနဲ့ မိမိတို့ကိုယ်တိုင် ထုတ်လုပ်တဲ့ ဖယောင်းတိုင်ကို အသုံးပြုလာနိုင်ကြပြီ ဖြစ်ပေမဲ့လို့ကုန် ကြမ်းတွေကိုရှာဖွေရာမှာ အခက်အခဲတွေ ရှိနေတာကို တွေ့ရပါ တယ်။
ဒုက္ခသည်စခန်းအတွင်းမှာ ကုန်ကြမ်းတွေကိုရှာဖွေဖို့ အခက်အခဲတွေရှိနေတဲ့အတွက် သက်ကြီးရွယ်အိုနဲ့ မိဘမဲ့ကလေးတွေကို အခမဲ့ထုတ်ဝေပေးခဲ့ရာမှ ယခုဖေဖေါ်ဝါရီလကနေစပြီး ရပ်ဆိုင်းတော့မှာဖြစ်လို့ ရှေ့ဆက်ထုတ်လုပ်သွားမည့် ဖယောင်းတိုင်တွေကို စခန်းအတွင်း ရောင်းချ သွားမှာ ဖြစ်ပါတယ်။
လျပ်စစ်မီးမရှိတဲ့ ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းမှာ ဖယောင်းတိုင်တွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ အတတ်ပညာသင်တန်းနဲ့ ကုန်ကြမ်း တွေကို ဒုက္ခသည်တွေအတွက် ကက်သလစ်အရေးပေါ် ကယ်ဆယ် ရေးအဖွဲ့ COERR မှ ကူညီဆောက်ရွက်ပေးနေတာပါ။
“ဒီ(ဖယောင်းတိုင်ထုတ်လုပ်နည်း) သင်တန်းလာတဲ့သူတွေက တကယ့် စိတ်ဝင်စားပြီး လာတက်တဲ့သူ ရှိသလို ဖယောင်းတိုင်ကိုပဲ ရချင်တဲ့ စိတ် နဲ့ လာတက်တဲ့လူတွေကို တွေ့ ရှိပါတယ်” လို့ အမှတ်-၁ ဒုက္ခသည်စခန်း အခြေစိုက် COERR ရုံးကြည့်ကြပ်ရေး တာဝန်ခံ ညေးလော် ကပြောပါတယ်။
"ကျနော် ဒီဖယောင်းတိုင် လုပ်နည်းကို ၂၀၀၄ ခုနှစ်က စလုပ်ခဲ့တယ်။ ကျနော်စစလာတုန်းကဆိုရင် သက်ကြီးရွယ်အိုတို့  လိုပဲလာလုပ်ပါတယ်။ အဲချိန်က လုပ်အားပေး သဘောနဲ့  လုပ်ပါတယ်။ ပြီးတော့ ဖယောင်းတိုင် ၃ ထုပ်ရပြန် တယ်ပေါ့”လို့ အသက် ၆၅ နှစ်အရွယ် ဦးနာတာက ပြော ပါ တယ်။
ဦးနာတာဟာ ဖယောင်းတိုင်ထုတ်လုပ်နည်းကို ကျွမ်းကျင်တဲ့အတွက် COERR အဖွဲ့ ကသူ့ ကို ဖရောင်းတိုင် ထုတ်လုပ်ရေးနည်းပြအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။ ဖယောင်းတိုင် လုပ်တဲ့နည်းနဲ့ ပါတ်သက်ပြီး ဦးနာတာက အခုလိုရှင်းပြပါတယ်။
''ဖယောင်းတိုင်ထုတ်လုပ်တဲ့ နည်းက ကျနော်တို့ ထုတ်တဲ့ဖယောင်းတိုင်တွေက ရိုးရိုးလေးပဲ။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့  ဖယောင်းချီးနဲ့ ဘာမှရောစရာ မလိုဘူးလေ။ ဖယောင်းချီးတွေကို အရည်ပျော်အောင် ကြိုချက်ပြီး ဖယောင်းခုံဆိုတဲ့ ဖယောင်းတိုင်ထုတ်လုပ်စက်ကိုလုံချည် တွေ အဆင်သင့် ထည့်ထားပြီး ဖယောင်းချီးကို လောင်းထည့်တာပေါ့။ လောင်းထည့်ြ့ပီးတော့ နဲနဲ ကြာကြာခဲအောင် စောင့်ရတာပေါ့။ ခဲသွား ပြီဆိုရင် လုံချည်တွေကို ဖြတ်ပြီး ဖယောင်းတိုင်တွေကို အထုပ်တွေနဲ့ ထုပ်တာပဲပေါ့။"
ဖယောင်းတိုင် လုပ်နည်းအစီအစဉ်ကို ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အဓိက ရည်ရွယ်ချက်ကတော့ ဒုက္ခသည် စခန်း ထဲမှာ နေထိုင်တဲ့ လူထုတွေအနေနဲ့ မိမိတို့ကိုယ်တိုင် လက်တွေ့ ကျ ကျ အသက်မွေးဝမ်းကြောင်း လုပ်သွားနိုင်ဖို့ဘဲဖြစ်ပါတယ်။
အသက်မွေးဝမ်းကြောင်းအတတ်ပညာနဲ့ပါတ်သက်ပြီး ဖယောင်တိုင် ထုတ်လုပ်နည်း အတတ်ပညာအပြင် ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့တွေ လျော့ချပေးနိုင်တဲ့ တခြားသော အသက်မွေးဝမ်းကြောင်း အတတ် ပညာတွေလဲ COERR မှ ကူညီဆောင် ရွက်ပေးလျက် ရှိနေပါတယ်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဖေဖေါ်ဝါရီလအထိ စခန်းခြေစိုက် COERR ရုံးမှာ နှစ်လတာ အလုပ်သင် အဖြစ်လာရောက်လေ့လာသင်ယူနေတဲ့ ကရင်နီဆယ်တန်းလွန် KnCC ကျောင်းမှ နှောက်ဆုံးနှစ် ကျောင်း သားတဦးဖြစ်တဲ့ လင်းထက်ဦးက ယခုလိုပြောပါတယ်။
''အကယ်၍ ကျနော်တို့ က ဒီလိုအတတ်ပညာမျိုးတတ်ပြီဆိုရင် တို့ရဲ့နိုင်ငံသို့ မဟုတ် ရွာမှာ ပြန်နေလို့ ရှိရင် ကောင်းကောင်းလေး အသုံးချလို့ ရတယ်ပေါ။ ဖယောင်းတိုင် လုပ်နည်း တခုတည်းမဟုတ်ဘူးလေ၊ အခြားဟာ အများကြီးရှိသေးတယ်။ ဥပမာ- ဆပ်ပြာ လုပ်နည်း၊ ခေါင်းလျှော် ရည်၊ ပန်ကန်ဆေးရည်၊ ပြီးတော့ မြေသြဇာ ထုတ်လုပ်နည်းတို့ လည်း ဒီမှာ သင်တန်းပေးနေပါ တယ်။ သို့ဖြစ်၍ ဒီအရာတွေအားလုံးဟာ ကျ နော်တို့ ရဲ့အနာဂတ် အသက်မွေးဝမ်းကြောင်းအတွက် တကယ့်အရေးပါတဲ့ အရာတွေပဲ”
အမှတ်-၁ ဒုက္ခသည်စခန်းမှာ UN ရှိထားသူနဲ့ UN မရှိတဲ့လူသစ်ဒုက္ခသည် ၂ သောင်းဝင်းကျင်ခန့် ရှိနေပါတယ်။ တတိယနိုင်ငံအခြေချ နေထိုင် ရေးအစီအစဉ်ကို လျှောက်ထားသူရှိနေကြသလို မလျှောက်ဘဲ စခန်းတွင်းမှာ ဆက်လက် နေထိုင်သူတွေလဲ ရှိနေပါတယ်။
ယခုအချိန်ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အချိန်ကာလလည်းဖြစ်၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ မြန်မာအစိုးရတို့အ ကြား အပစ်အခတ်ရပ်စဲ ထားတဲ့အချိန်ကာလလည်း ဖြစ်နေတာမို့ နယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ သူတွေအတွက် COERR အပြင် တခြားသော NGO တွေအနေနဲ့လည်း အသက်မွေးဝမ်းကြောင်းကိစ္စနဲ့ ပါတ်သက်ပြီး ဦးစားပေး လုပ်ဆောင် လာတာကို တွေ့နေရပါတယ်။
NGOတွေရဲ့အကူညီနဲ့ ယခုဆိုရင် စိုက်ပျိုးရေး၊ ၀က်မွေးမြူရေးနဲ့ ငါးမွေးမြူရေးလုပ်ငန်းတွေ အမှတ် ၁ ဒုက္ခသည်စခန်းမှာ လုပ်ဆောင်နေတာ ကို တွေ့ရပါတယ်။ လာမည့်နွေရာသီမှာဆိုရင်လည်း အပ်ချုပ်၊ ဇာထိုးပန်းထိုး၊ ကွန်ပြူတာ၊ ဂီတာ့အနုပညာနဲ့ ပန်းချီသင်တန်းတွေ လုပ်သွားဖို့ အစီအစဉ်တွေ ရှိနေပါတယ်။
ဒီလိုအသက်မွေးဝမ်းကြောင်းအတတ်ပညာတွေဟာ တခြားနေရာဒေသတွေမှာ ရဖို့မလွယ်ကူလှပါဘူး။ ယခုလိုဒုက္ခသည်စခန်းတွေမှာ ဦးစား ပေးပြီး ပို့ချပေးနေတဲ့ အတတ်ပညာတွေကို ဒုက္ခသည်တွေ အနေနဲ့ အချိန်ပေးပြီး ယူထားတတ်ကြဖို့ လိုပါတယ်။
ဒီအတတ်ပညာတွေဟာ မိမိနေရပ်ရင်းကို ပြန်လှည်အခြေချ နေထိုင်တဲ့ အခြေအနေဘဲဖြစ်ဖြစ်၊ တပါးနိုင်ငံမှာ သွားရောက်အခြေချ နေထိုင် တာဘဲဖြစ်ဖြစ်၊ မိမိလက်ရှိ နေထိုင်တဲ့နေရာတွေမှာ ဘဲဖြစ်ဖြစ် ဘယ်နေရာဘဲရောက်ရောက် အကျိုးရှိရှိပြန်လှည် အသုံးချနိုင်ကြမှာဖြစ်ကြောင်း......။
No comments:
Post a Comment