ABC
ပဲခူး တိုင်း ပြည်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်မှုဒဏ် မကြာခဏခံရတာကို မကျေနပ်ကြတဲ့အတွက် ဒေသခံတွေ မနေ့တုန်းကဆန့်ကျင်ဆန္ဒ ပြခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ပုံမှန် မရရှိတော့ တဲ့အတွက် ပြည်မြို့ လျှပ်စစ်ရုံးရှေ့မှာ ဖယောင်းတိုင်မီးတွေထွန်းပြီးလူအယောက် ၅၀၀ လောက် ဆန့်ကျင် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။
လျှပ်စစ်ဌာနက အရာရှိတချို့ ထွက်လာပြီး ဆန္ဒမပြကြဖို့ တောင်းဆိုတဲ့ အကြောင်း သူတို့မှာ အခက်အခဲတွေ ရှိတဲ့အကြောင်းတွေ ပြောခဲ့ပြီး ဆန္ဒပြ သူတွေဖက်က လျှပ်စစ်မီးနဲ့ ပတ်သက်တဲ့ သတင်းအချက် တွေကို ပွင့်လင်းမြင်သာအောင် လုပ်ဆောင် ပြောပြဖို့ ဒါမှသာ ကြို တင် ပြင် ဆင် နိုင် မယ် လို့ ပြန် လည် တောင်းဆို ကြတယ်လို့ သိရပါတယ်။
မနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာတော့ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ၂၀၁၃ ခုနှစ် မတ်လအတွင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲအတွက် နေ့စဉ် ညနေ ၅ နာရီကနေ မနက် ၅ နာရီအထိလျှပ်စစ်ဓာတ်အား ပြတ် တောက်မှုမရှိအောင် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်မယ် ဆိုတဲ့ အကြောင်းနဲ့ ဓာတ်အားပြတ်တောက်ရင်လည်း ဆက်သွယ်စုံစမ်းနိုင်ဖို့တယ်လီဖုန်း နံပါတ်တွေကို ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လကလည်း မြန်မာနိုင်ငံက မြို့ပေါင်း ၁၅ မြို့လောက်မှာ လျှပ်စစ်မီး ရရှိစေဖို့ ဖယောင်းတိုင် ထွန်းပြီး ဆန္ဒဖေါ်ထုတ်မှု တွေ လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ နွေရာသီရောက်တိုင်း ဆည် တွေမှာ ရေတွေကျနေတဲ့အတွက် ရေအားလျှပ်စစ်စက်ရုံ တွေအနေနဲ့ လျှပ် စစ်မီးတွေ ပုံမှန် ထုတ်လုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။
တချို့လူတွေကတော့ နွေရာသီရောက်တိုင်း မီးမလုံလောက်မှုဖြစ်တယ်ဆိုတာကို နှစ်စဉ်နှစ်တိုင်း ကြုံနေရတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ သင့်ပြီလို့ ဝေဖန်ကြတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မေငယ်က သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment