ထက်ထက်အောင်
စတန်းဖိုဒ့် တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ ပါမောက္ခ ပရော်ဖက်ဆာ ဖီးလစ်စီရှမစ်က မေ ၂ ရက်က ရန်ကုန်မြို့ park royal ဟိုတယ်တွင်ပြုလုပ်သည့် ‘အသွင်ကူးပြောင်းမှု ပုံစံအမျိုးမျိုးနှင့် ၎င်းတို့၏ ပြဿနာများ' အမည်ရှိ ဟောပြောပွဲတွင် ပြောကြားလိုက်သည်။
ပရော်ဖက်ဆာ ဖီးလစ်စီရှမစ်က "အရပ်သားဒါမှ မဟုတ် စစ်အာဏာရှင်တွေဟာ သူတို့ပြောသမျှ ခေါင်းညိတ်မယ့် သူတွေပဲ ဝန်းရံပြီးထားတယ်၊ ကြာလာတော့ စိတ်ကြီးဝင်ပြီး ယုံကြည်မှု လွန်ကဲလာတယ်။ သူတို့လုပ်တာတွေက အမှန်ပဲ၊ ပြည်သူလူထုက တကယ်ပဲ ထော်က်ခံနေကြတာပဲလို့ ထင်လာကြတယ်” ဟု ဆိုသည်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက “ဒီလို လုပ်သမျှ အမှန်ထင်တာက မြန်မာနိုင်ငံမှာတော့ ၁၉၆၂ လောက် ကတည်းက ဒါက အရိုးစွဲနေပြီ။ သူတို့မှ ဦးမဆောင်ရင်နိုင်ငံ ချောက်ထဲကြတော့မယ် ထင်နေတယ်။ ဒီလိုပုံစံနဲ့ပဲ စည်းရုံးရေးဆင်းတယ်။ ဟုတ် မဟုတ်ကို တပ်မတော်က ဖွင့်တဲ့တက္ကသိုလ်တွေကို ထားရှိပေးတဲ့ အဆင့်အတန်းနဲ့ အရပ်ဘက် တက္ကသိုလ်တွေရဲ့ အဆင့်အတန်း၊ စကောလာရှစ် ပေးအပ်မှုကွာခြားပုံကို ကြည့်ရင်ထင်းကနဲ သိနိုင်ပါတယ်” ဟု ဆိုသည်။
လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံရေးပါဝင်ခွင့် အခွင့်အရေး တစ်ရပ်အနေဖြင့် ရရှိရန်လိုအပ်နေသော်လည်း အစိုးရအနေဖြင့် လာမည့်ရွေးကောက်ပွဲတွက် ပြည်သူများ ပါဝင်လာစေရေး ပြင်ဆင်ရာတွင် ပါတီများ ပါဝင်ဆောင်ရွက်ရန် လိုသော်လည်း အစိုးရအနေဖြင့် ပါတီများ ပါဝင်လာစေနိုင်ရန် အခွင့်အရေးပေးမှု နည်းပါးနေသည်ဟု ဆိုသည်။
No comments:
Post a Comment