မဇ္ဈိမ
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်ရန် အချိန်ဆွဲမနေဘဲ ပူးပေါင်းဆောင်ရွက်ရန် ကရင်အမျိုးသား အစည်း အရုံး KNU ဥက္ကဋ္ဌ မူတူးစေဖိုးက မေလ ၉ ရက် အင်းယားလိတ်ဟိုတယ်တွင် ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် တိုက်တွန်းလိုက်သည်။
ယခင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘောတူခဲ့ကြသည့် ကတိကဝတ်များကို စာရွက်ထဲတွင်မထားဘဲ အမှန်တစ်ကယ် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်များအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ အလျင်အမြန် ကျင်းပနိုင်ရန်ဟူသည့် ကတိပြုချက်ကို အကောင် အထည်ဖေါ်ရန်ရမည်ဟုလည်း သူကဆိုသည်။
မေလ ၉ ရက် အင်းယားလိတ်ဆွေးနွေးပွဲဥည် "အချိန်နဲ့ ပတ်သက်တဲ့ အခက်အခဲကို ကျော်လွန်နိုင်အောင် အကောင်အထည်ဖေါ်နိုင်ရေး လမ်းစရှာတဲ့ ဆွေးနွေး ပွဲလည်း ဖြစ်ပါတယ်" ဟု မူတူစေးဖိုးက ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောဆိုသည်။
"နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်ရန် လိုအပ်တဲ့ မူဘောင်ရရှိရေးဆိုင်ရာ သဘောထားကိုလည်း ညှိနှိုင်းသွားနိုင်ရင် သင့်တော်မယ်လို့ ပြောကြားလိုပါ တယ်။ နိုင်ငံရေးဘူဘောင်ရရှိရေး ညှိနှိုင်းမှုဆိုင်ရာ အခုလိုအစည်းအဝေးမျိုးဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကိုအောင်မြင်ချောမွေ့စွာ ဖြစ်ပေါ်ရေးအတွက် အထောက်အကူပြုရန်ဖြစ်ပြီး လွှမ်းမိုးသွားရန် မဟုတ်" ဟုလည်း ပြောဆိုခဲ့သည်။
သွေးထွက်သံယိုမှုမရှိသည့် နိုင်ငံရေးတိုက်ပွဲဝင်လမ်းကြောင်းကသာ အားလုံးလိုလားသည့် ဒီမိုကရေစီနှင့် ကိုက်ညီသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ် စနစ်ပေါ်ပေါက်ရေးနည်းလမ်း ဖြစ်သည်ဟုလည်း သူကဆိုခဲ့သည်။ သွေးထွက်သံယိုနည်းလမ်းသည် "ဒီမိုကရေစီနှင့် ဖက်ဒရယ်ထွန်းကားပေါ်ပေါက်ရေး နည်း လမ်းမမြင်ပါ" ဟုလည်း ဆိုခဲ့သည်။
မေ ၉ ရက်ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီ ၆၅ ပါတီမှ ပါတီခေါင်းဆောင်များ တက်ရောက်ဆွေးနွေး လျက်ရှိနေသည်။
No comments:
Post a Comment