Sunday, March 15, 2009

ဒုတိယကမ္ဘာ့စစ်လက်ကျန် ဗုံးပေါက်၍ မြောက်ဦးတွင် လူတဦးသေဆုံး

Narinjara News 3/15/2009

မောင်အေး (နိရဉ္စရာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဒုတိယ ကမ္ဘာစစ် အတွင်းက ကျန်ရှိနေ ခဲ့သည့် ဗုံးတလုံး မတော်တဆ ပေါက်ကွဲမှုကြောင့် လူတဦး သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူမှာ သံထည် ပစ္စည်း ရောင်းဝယ်ရေး လုပ်ကိုင်နေသည့် ဆိုင်ပိုင်ရှိင် အသက် ၂၈ နှစ်အရွယ် ကိုအောင်လင်းဖြစ်သည်။

အဆိုပါ ဗုံးကွဲမူမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဗုံးကို ထုခွဲရာက ပေါက်ကွဲခြင်း ဖြစ်ပြီး ထုခွဲသူ ကိုအောင်လင်း ၀မ်းဗိုက်တခုလုံးမှာ ပွင့်ထွက်သွားခဲ့သည်။ တခြား သူများကိုမူ ထိခိုက်ခဲ့ခြင်း မရှိကြောင်း မျက်မြင်တဦးက ပြောသည်။

ယခုပေါက်ကွဲသည့် ဗုံးမှာ အလျား ၁၄ လက်မ၊ လုံးပတ် ၁၀ လက်မရှိပြီး အချင်း ၅ လက်မရှိကြောင်း အဆိုပါ မျက်မြင်က ပြောသည်။



Type the rest of your post here.

No comments: