Saturday, September 19, 2009

စဉ်းစားဆင်ခြင်ကြစေချင်သည် မိတ်ဆွေတို့

လေးငယ်

၁၊၊ ဇါတ်တူသား စားကြလို့ ဟင်္သာကိုးသောင်း ပျက်သည့် ဖြစ်စဉ် သမိုင်းကို သတိတရားဖြင့် ယှဉ်ပြီး လေးနက်ကြစေချင်ပါ သည်၊၊ မွန်လူမျိုး တို့သည်၊ရှည်လျားသော သမိုင်းကို ဖန်တီးနိုင်သည့် ပိုင်ရှင်များ ဖြစ်ကြပြီး ယဉ်ကျေး သိမ်မွေ့သည့် စိတ်ဓါတ်နှင့် လူစင်မှီ သည့် လူမျိုးတမျိုး ဟုဆိုနိုင် ပါသည်၊၊

လူမျိုးတမျိုးဟုဆိုနိုင်ပါသည်၊၊ထို့အပြင် အဖိုးမဖြတ်နိုင်သည့် သမိုင်းသင်ခန်းစာများ၊ ဘဝ ပေးသင်ခန်းစာများ၊ သက်သေအထောက်အထားများ၊ ခိုင်မာသည့် အမွေအနှစ်များ၊ မြောက်မြားစွာကို ရှိနေကြဆဲဖြစ် ပါသည်၊၊ သို့ပါလျှက်၊ အရည်အချင်းညံ့လို့လား၊ ညီညွတ်မှုမရှိလို့ လား၊ သတိလက်လွတ်ဖြစ်ပြီး ပေါလျော့နေလို့လား၊ စီးပွားရေးကြောင့်လား၊ အတွေးအခေါ်အယူအဆလွှဲ မှားနေလို့လား၊ ဒါမှမဟုတ်မာနကြီးနေလို့လား--စသည့်စသည့် မေးခွန်းပေါင်းများစွာနှင့် ဆန်းစစ်ကြည့် မည်ဆိုပါက၊ အဖြေဘယ်လိုထွက်လာနှိုင်မလဲ၊၊ ဤကိစ္စကို ခေါင်းအေးအေးဖြင့် ဦးစွာပဏာမစဉ်းစားကြပါ လို့ သုံးသပ်ကြ ပါလို့ မေတ္တာစိတ်ရှေ့ထားပြီးပြောပါရစေ၊၊

၂၊၊စည်းလုံးညီညွတ်မှု
- စည်းလုံးညီညွတ်မှုတရားသည် မာန်မာနတရား၏ ဆန့်ကျင်ဖက်တရားတခုဟု ယူဆနိုင်ပါသည်၊၊ လူမျိုး ရေးသဘော တရား၌လည်း လူအများနှင့်သက်ဆိုင်သည့် လုပ်ဟန်တိုင်းသည်၊ လူအများ၏ထောက်ခံမှုကို ရနိုင်ပါမှ လူအများအကျိုး ကိုသယ်ပိုးဆောင် ရွက်နိုင်မည်ဖြစ်ပါသည်၊၊ တဦးကောင်း တဖွဲ့ကောင်း၊ တစိတ်ကောင်းမျိုး၊ မိုးကျရွှေကိုစိတ်မျိုးနှင့် တော့ဆောင်ရွက်၍မဖြစ်နိုင်ပေ၊၊ သို့သော်လည်းမှန်ကန်ခြင်း၊ တရားမျှတ ခြင်းဟူသည် လူအနည်း အများပေါ်မူတည် လိမ့်မည်မဟုတ်ပေ၊၊ ဤသို့ကြောင့် နည်းလမ်းများမှန်မှန်ကန် ကန်ဖြင့် လုပ်ငန်းဆောင်ရွက်ပါမှ လူအများကထောက်ခံ မှာဖြစ်ပါသည်၊၊ ဤသို့ထောက်ခံမှုရရှိမှသာလျှင် အကောင်းဆုံးဖြစ်ပြီး၊ အမျိုးသားအကျိုးစီးပွားကိုဖြစ်ပွားစေသလို စည်းလုံးညီညွတ်မှုကိုလည်း ဖြစ်စေပါ သည်၊၊

- လုပ်ငန်းဟူသမျှ၌လည်း လေးနက်မှုရှိသင့်ပါသည်၊၊ လေးနက်မှုသည် လူများအတွက် အောင်မြင်မှုဖြစ်စေသော်လည်း အများအားဖြင့် လူတိုင်းချို့ယွင်းတတ်ကြပါသည်၊၊ ဤစရိုက်သည်၊ အထူးသဖြင့် သာမာန်လူတွေထက် အောင်မြင်သော သူများ၌သာ တွေ့ရသည့် စရိုက်လက္ခဏာဖြစ်ပါသည်၊၊ မွန်နိုင်ငံရေးအဖွဲ့အစည်း၌ ပါဝင်လှုပ်ရှားနေသည့် မွန်မျိုးချစ် တိုင်း၌လည်း မိမိ၏ယုံကြည်ရာအတိုင်း လေးနက်စွာ ခံယူတတ် ရန်လိုအပ်ပါသည်၊၊ အလွယ်လိုက်သည့်စိတ်၊ ပေါဆ သည့်စိတ်၊ သတိလက်လွတ်သည့်စိတ်မျိုးကို ရှောင်ရှား ရန်လိုအပ်ပါသည်၊၊

- ယနေ့ကာလ မွန်လူ့အဖွဲ့အစည်း၌ ထင်ရှားသည့် နိုင်ငံရေးပါတီအဆင့်ဆိုလို့(၂) ခုသာရှိနေပါသည်၊၊ ၄င်းမှာမွန်ပြည် သစ်ပါတီနှင့် (၁၉၉ဝ)ရွေးကောက်ပွဲ၌ ဖွဲ့စည်းခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ပင်ဖြစ်ပါသည်၊၊ မွန်လူ့အဖွဲ့အစည်း ထဲ၌ ကျန်ရှိနေသေးသည့် နောက်ထပ်အခြားအသင်းအပင်းများ၊ လက်နက် ကိုင်အုပ်စုများသည်၊ ဤပါတီများမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ခွဲထွက်၍သော်လည်းကောင်း၊ ထပ်မံပေါ်ပေါက်လာ သည့် ဆင့်ကဲအဖွဲ့အစည်းများ၊ အသင်းအပင်းများဖြစ် သဖြင့် အဓိကအရာတွင်ထည့်သွင်းစဉ်းစားရန်၊ အသားပေး ဆောင်ရွက်ပေးရန်၊ မလိုအပ်ဟုထင်မြင်ယူဆ ပါသည်၊၊

၃၊၊ အမြင်မတူသော်လည်း စည်းလုံးညီညွတ်ခြင်း
- မွန်ပြည်သစ်ပါတီသည်၊ စစ်အစိုးရ၏ လမ်းပြမြေပုံကို လက်မခံခဲ့သလို မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ကလည်း လက်မခံပေ၊၊ သို့သော်လည်း မွန်အမျိုးသားလွတ်မြောက်ရေး လမ်းစဉ်ကို အကောင်အထည်ဖေါ်ရာ၌ နည်းလမ်းများ မတူညီကြပေ၊၊ ၄င်းမှာမွန်ပြည်သစ်ပါတီသည်၊ လက်နက်ကိုင်တော်လှန်ရေးစနစ်ဖြင့် တိုက်ပွဲဝင်သွားမှာဖြစ်သော်လည်း မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့သည်၊ တည်ရှိနေသည့် ဥပဒေဘောင်တွင်း၌သာ တိုက်ပွဲဝင်သွားမည်ဆိုသည့် စနစ်မျိုး ကိုယုံကြည်သည်၊၊ ဤသည် အမြင်ခြင်းတူညီသော်လည်း လုပ် ဟန်ကွဲပြားသည့်သဘောပင် ဖြစ်ပါသည်၊၊ ဤနေရာ၌ ရန်ဖက်အသွင်မဆောင်သွားရန် အရေးကြီးပေသည်၊၊ ဤကဲ့သို့လုပ်ဟန်ကွဲပြားနေသော်လည်း စုစည်းညီညွတ်သည့် ကျစ်လစ်ခိုင်မာသည့် တပ်ဦးအဖွဲ့တခုထပ်မံ တည် ဆောက်ရန်လိုအပ်သေးကြောင်း မွန်မျိုးချစ်လူငယ်များက လေးလေး နက်နက်စဉ်း စားတွေးခေါ်သင့်ပါ သည်၊၊

- ဖြစ်စေချင်သည့်ဆန္ဒထက် ၊လက်တွေ့ဆန်သည့် စဉ်းစားနည်းများကိုချဉ်းကပ်ကြပါ၊ ကိုယ်သာလုပ် နိုင်စွမ်းသည်ဟု လူစွမ်းကောင်းစိတ် မမွေးကြပါနှင့်၊ ကျဉ်းမြောင်းသည့် ဘောင်နှင့်လည်း မခတ်ထားကြပါနှင့်၊ သတိထားကြစေချင်ပါ သည်၊၊ စကားလုံးသက်သက်(လေလုံးထွား)လည်း မဖြစ်ကြပါစေနှင့် လက်ဝါးကြီးအုပ် စိတ်ဓါတ်နှင့် တပည့်မွေးစနစ် ကိုရှောင်ရှားပြီး၊ လက်တွေ့ကျသည့် မွန်အမျိုးသားအကျိုးကို ရှေ့ရှုသည့်လူ တော်လူကောင်းများ ပေါ်ထွန်းလာရန်၊ ဤကဲ့သို့ညီညွတ်သည့် လုပ်ငန်းစဉ်မျိုးအပေါ် စုစည်းကြရန် ဝိုင်းဝန်း ကူညီဆောင်ရွက်သွားကြဖို့ လိုအပ်လှပါသည်၊၊

ရှေ့ဆက်အားပေးပါရန်


No comments: