Narinjara News
မင်းဆက်ခိုင်(နိရဉ္စရာ) မြန်မာနိုင်ငံရှိ အကျဉ်းထောင်များထဲမှ နောက်ထပ် အကျဉ်းသား ၇၁၁၄ဦးအား လွှတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီ ဖြစ်သည်ဟု စစ်အစိုးရ မီဒီယာများမှ ယနေ့တွင် ထုတ်လွင့်ခဲ့သည်။
အဆိုပါ သတင်းအား ယနေ့ည ၈နာရီအချိန်တွင် မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် ထုတ်လွှင့် ခဲ့သလို မြဝတီရုပ်မြင်သံကြား အစီအစဉ်တွင်လည်း အောက်ခြေတွင် စာတန်းထိုးကာ ရေးသား ဖေါ်ပြခဲ့သည်။
သို့သော်လည်း အဆိုပါ အကျဉ်းသားများထဲတွင် နိုင်ငံရေး အကျဉ်းများ ပါဝင်ခြင်း ရှိမရှိကိုမူ အသေးစိတ်ကိုမူ ထုတ်ဖေါ် ပြောဆို သွားခဲ့ခြင်း မရှိချေ။
မြန်မာစစ်အစိုးရသည် လွန်ခဲ့သောနှစ် စက်တင်္ဘာလ အတွင်းက အကျဉ်းသား ၉၀၀၂ဦးအား လွှတ်ပေးခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီလ အတွင်းကလည်း အကျဉ်းသား ၆၀၀၀ကျော် လွှတ်ပေးခဲ့သည်။
သို့သော်လည်း ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်မျှသာ ပါဝင်ခဲ့သည်။
ယခုကဲ့သို့ အကျဉ်းသား ၇၀၀၀ ကျော်လွှတ်ပေးခဲ့သည့်ထဲတွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်ပြီး မည်သည့်အတွက်ကြောင့် စစ်အစိုးရမှ အကျဉ်းသားများကို လွှတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သလဲ ဆိုသည့် အပေါ် အများက အထူး စိတ်ဝင်စား နေကြသည်ဟု သိရသည်။
No comments:
Post a Comment