Tuesday, September 15, 2009

စစ်အစိုးရတပ် ချုံခိုတိုက်ခိုက်ခံရ

ကွန်းဟဒေ

မြန်မာအစိုးရတပ်ရင်း ခမရ ၃၅၆ ကို ကေအန်ယူ တပ်မဟာ ၆ က ချောင်း ဆုံရွာအနီးတွင် တနင်္ဂနွေနေ့မှာ ချုံခိုတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့မြောက်ဘက်ရှိ မဲကသာကျေးရွာတွင် တပ်စွဲထားသော မြန် မာစစ်အစိုးရ တပ် ခလရ ၂၈၃ ကို ထပ်မံအင်အားဖြည့်ရန် လာရောက် သော ခမရ ၃၅၆ သည် ကေအန် ယူ တပ်မဟာ ၆ ၏ ချုံခိုတိုက်ခိုက်ခြင်း ကို ဘုရားသုံးဆူမြို့အနောက်မြောက်ဘက် ၁၅ က႘လိုမီတာအကွာရှိ ချောင်း ဆုံအနီး တွင် ဖြစ်ပွားခဲ့သည်ဟု ၄င်းဒေသရှိ မွန်ပြည်သစ်ပါ တီတာဝန်ရှိသူ တို့၏ ပြောပြချက်အရ သိရသည်။

“ကျနော်တို့ ကြားတာကတော့ လေးယောက်ထိသွားတယ်၊ တစ်ယောက်က ဗိုက်မှာ၊ နှစ်ယောက်က ခြေထောက်မှာ၊ တစ်ယောက်ကတော့ ရှထိသွား တယ်၊ အဲဒီအထဲမှာ တပ်ကြပ်ကြီးတစ်ယောက်ပါ တယ်” ဟု မွန်ပြည်သစ်ပါ တီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ ချုံခိုတိုက်ခိုက်ခံရမှုကြောင့် စစ်အစိုးရဘက်မှ စစ်သား ၄ ဦးခန့်ထိ ခိုက်ဒဏ်ရာရ သွားသည်ဟု ၄င်းက ဆက်ပြောသည်။

မြန်မာစစ်အစိုးရတပ်ကို ကေအန်ယူမှ ချုံခိုတိုက်ခိုက်ခံခဲ့သည်ကို ယခုအ ချိန်အထိပင် အတည်မပြုနိုင်သေးပါ။

သို့သော် မွန်ပြည်သစ်ပါတီအရာရှိတစ်ဦး၏ ပြောဆိုချက်အရ “သူတို့(စစ် အစိုးရတပ်) ဘက်က သတင်း ထွက်နေတာကတော့ လေးယောက်ပေါ့၊ အမှန်တကယ်တော့ ရှစ်ယောက်လောက် ထိသွားတယ်လို့ သတင်းရ တယ်၊ အဲဒီရှစ်ယောက်ထဲမှာ ငါးယောက်ကတော့သေတယ်၊ သုံးယောက် ကတော့ ဒဏ်ရာ အပြင်းအထန်ရထားတယ်” ဟု ၄င်းကပြောသည်။

၎င်းက ကေအင်ယူမှ ဗုံးကွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ သို့သော် ထိုဒေ သရှိ မြန်မာစစ်အစိုးရအာဏာပိုင်နှင့် နီးစပ်သူတစ်ဦးကမူ ကေအန်ယူမှ ချောင်းမြောင်း ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုကြ သည်။

စစ်အစိုးရတပ်သည် ကေအန်ယူ၏ ဗုံးခွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု kaowao သတင်းဌာန တွင်ဖော်ပြထားသည်။

လွန်ခဲ့သည် စက်တင်ဘာ ၉ ရက်ကလည်း ဘုရားသုံးဆူမြို့၏မြောက်ဘက် ၂ ဖာလုံအကွာမှာ ခလရ ၂၈၃ တပ်ရင်း ထွက်သွားပြီး မကြာမီမှာပဲ ဗုံး နှစ်လုံးပေါက်ကွဲသွားခဲ့သည်။

No comments: