Monday, March 26, 2012

ဒေါ်အောင်ဆန်းစုကြည်မကွေးခရီးစဉ်ဖျက်သိမ်း၊ လူထုကိုတောင်းပန်

မင်းလွင်

အမျိုးသား ဒီမို ကရေစီ အ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်း မာရေး အခြေအနေကြောင့် မကွေးတိုင်း ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ရေး ခရီး စဉ်ကို ဖျက် သိမ်းလိုက် တယ် လို့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ်က ဒီကနေ့ ကြေညာ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းရဲ့ အ ကြံပေး ချက် အရ ခုလို ခရီးစဉ်ဖျက် သိမ်းလိုက်တာလို့ ကြေ ညာချက်မှာ ပါရှိ ပါတယ်။ လာမယ့် မတ်လ (၂၇) နဲ့ (၂၈)ရက် တွေမှာ သွားဖို့ ပြင်ဆင် ထားတဲ့ မကွေး၊ ကျောက်ပန်းတောင်း ၊ တောင် တွင်း ကြီး နဲ့ နတ်မောက် ခရီးစဉ် တွေကို ဖျက်သိမ်း ခဲ့တာ ဖြစ်ပြီး သက်ဆိုင်ရာ ဒေသခံပြည်သူ တွေကို အနူး အညွတ် တောင်းပန် တယ် လို့ အန်အယ်လ် ဒီကြေညာ ချက်မှာ ပါရှိ ပါတယ်။

မကွေးခရီးစဉ်ဖျက်သိမ်းလိုက်ရတာနဲ့ပတ်သက်ပြီး ပါတီ ရွေးကောက်ပွဲ ဆိုင်ရာ မန်နေဂျာ ဦးဥာဏ်ဝင်းက “ပင်ပန်းတော့ နည်းနည်း အား နည်းနေတယ်၊ ဆရာဝန်က မကွေး ခရီးစဉ် ခွင့်မပြု နိုင်ဘူးလို့ ဆေး ဘက် ဆိုင်ရာ ထင်မြင်ချက်ပေးပါတယ်။ ဒါကြောင့် ခရီးစဉ် ဖျက် လိုက် ပါတယ်။”လို့ ပြောပါတယ်။

အထက်မြန်မာပြည် မကွေးခရီးစဉ်ကိုသာ လောလောဆယ် အနေအထားအရ ဖျက်သိမ်းတာ ဖြစ်ပြီး တခြားကျန်ရှိတဲ့ ခရီးစဉ်တွေနဲ့ ပတ် သတ်ပြီး ဖျက်သိမ်းတယ် လို့တော့ မန်နေဂျာ ဦးဥာဏ်ဝင်းက ပြောဆိုခြင်း မရှိပါဘူး။

တနင်္သာရီတိုင်း မြိတ်ဒေသကို ရွေးကောက်ပွဲ မဲဆွယ် ခရီး ထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ကျန်းမာရေး ချို့ ယွင်း လာ တာကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး တနင်္ဂနွေနေ့ မှာ မြိတ် ကျွန်းစုရွာကို သွားရောက် ဟောပြောဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်း ခဲ့ရပါသေးတယ်။

ကျွန်းစုရွာကို သွားရောက်ဟောပြောမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပေမယ့် ကျွန်းစုရွာသားတွေ အနေနဲ့ မြိတ်မြို့ မှာ ပြုလုပ်မယ့် ဟော ပြော ပွဲမှာ လာရောက် နားထောင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်က စက်လှေ စီစဉ် ပေးခဲ့တယ် လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ မှာပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး မြိတ်မြို့ ခံ တဦးဖြစ်တဲ့ ကိုထွန်းအေးက “သူ့ မျက်နှာ မြင်ရတာ တော့ စင်ပေါ်မှာမြင်ရတာတော့ လန်းလန်းဆန်းဆန်းပဲ ခင်ဗျ။ အဖျား မပျောက်သေးဘူး၊ ဖျားနေတယ် လို့ သာပြောတယ် မြင်ရတာ တော့လန်းလန်းဆန်း ဆန်းပဲ၊ အားတင်းပြီးပြောနေလားတော့ ကျနော်လည်းမပြောတတ်ဘူး။ ပြောတဲ့အထဲမှာတော့ ရေယာဉ် အခက် အ ခဲကိစ္စရယ်၊ သူမသွားနိုင်တဲ့နေရာတွေကို နောက်တကြိမ်ပြန်လာမယ်လို့ ကတိပေး တဲ့အကြောင်းရယ် ၊ အကြောက် တရားတွေကို (၇)ရက်သည်းခံပေးဖို့ ၊ ရွေူးကောက်ပွဲ ကျင်းပဖို့ (၇)ရက် လောက်ပဲ လိုတော့တာမို့  အဲဒီ (၇)ရက်လောက် မကြောက်ပဲနေပေး ဖို့ ပြောတာလို့ ကျနော် သဘောပေါက်တယ် ခင်ဗျ။”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ညနေ ၃နာရီလောက်မှာတော့ ရန်ကုန်ကို လေကြောင်း နဲ့  ပြန်လည်ထွက်ခွာလာခဲ့ တယ်လို့ သိရပါတယ်။

No comments: