Sunday, March 25, 2012

ဒေါ်​အောင်ဆန်း​စုကြည် ကျန်း​မာ​ရေး​ကြောင့်​ မြိတ်ကျွန်း​စုခရီး​စဉ်ဖျက်သိမ်း

ဒီဗွီဘီ

တနင်္သာရီတိုင်း​ မြိတ်​ဒေသကို ​ရွေး​ကောက်ပွဲ မဲ ဆွယ်ခရီး​ထွက်​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ခရီး​စဉ်အတွင်း​ ကျန်း​မာ​ရေး​ချို့​ယွင်း​လာတာ​ကြောင့်​ တနင်္ဂ​နွေ​နေ့​ မှာ မြိတ်ကျွန်း​စုမြို့​နယ်ကို သွား​ရာက်​ဟော​ပြောဖို့​စီစဉ်ထား​တဲ့​ခရီး​စဉ်ကို ဖျက်သိမ်း​လိုက်ရပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်မြိတ်ခရီး​စဉ်​တောက်​လျောက်လိုက်ပါ သတင်း​ယူ​နေ တဲ့​ သတင်း​ထောက် တဦး​က “ဒီ​နေ့​ အန်တီ​တော်​တော်​နေမ​ကောင်း​ဖြစ်​နေတယ်။ အဲဒါ​ကြောင့်​မလို့ ​ဒီမနက်က ကျွန်း​စုသွား​မယ့်​ ခရီး​စဉ်ကို ဖျက် လိုက်ပါတယ်။ ခု​ဆေးတောင် သွင်း​ထား​ရတယ်။ သူ တည်း​ခိုတဲ့​နေအိမ် မှာ ​ဆေး​ကု​နေရပါတယ်”လို့​ ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ စ​နေ​နေ့​မနက်က မြိတ်မြို့​ကို ​ရောက်ရှိလာပြီး​ စ ခန်း​သစ်ရွာကို သွား​ ရောက် ​ဟော​ပြောပြီး​ အပြန် ပန်း​ဇင်ရွာ အနီး​မှာ စက်​လှေ ​သောင်တင်မှုနဲ့​ ကြုံ​တွေ့​ခဲ့​ရပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည် ခရီး​စဉ် အတွက် အသုံး​ပြုမယ့်​ ​ရေ​ပေါ်ရှပ်​ပြေး​ရေယာဉ်​တွေကို ငှား​ရမ်း​လို့​ မရတဲ့​ အတွက် စက်​လှေနဲ့​သွား​ခဲ့​ရာမှာ ည​နေ ၅ နာရီခွဲခန့်​ က​နေ ည ၈ နာရီခွဲ​လောက်အထိ ​သောင်တင်​နေခဲ့​တာလို့​ အဆိုပါသတင်း​ထောက်က ​ပြောပါတယ်။

“သောင်တင်တာက​တော့​ သဘာဝ ​ရေတက်​ရေကျ​ကြောင့်​ တင်တာပါ။ ရှပ်​ပြေး​ယာဉ်နဲ့​ဆို အဲဒီလိုမဖြစ်ဘူး​။ စက်​လှေနဲ့​မို့​ဖြစ်ရတာ ။ စက်​လှေက (၃) နာရီ​မောင်း​တဲ့​ခရီး​ဆို ရှပ်​ပြေး​က (၁)နာ ရီပဲ​ မောင်း​တယ် ။ ပထမစီစဉ်ထား​တဲ့​ရှပ်​ပြေး​က ခန့်​ခန့်​ညား​ညား​ သက်​သောင့်​သက် သာရှိတယ်၊​ အဲဒါကို ငှား​မရအောင် လုပ်ထား​တယ်။ အန်တီ တကယ်စီး​ရ​တော့​ ​ဒေသအ​ခေါ် ကဲ့​လှေနဲ့​ အန်တီက အဲဒီ စက်​လှေကြီး​ကို ယာယီအမိုး​မိုး​ပြီး ​စီး​လိုက်ရတာ။ ​ရေကျသွား​တဲ့​အခါကျ​တော့​ ​သောင်ပြင်ကြီးက ကတ္တရာလမ်း​ကြီး​လို အ​ဖွေး​သား​ကြီး​ပေါ်လာတယ် ။ အဲဒီ​သောင်ပြင်ကြီး​ကို ​ကွေ့ပတ်​ရှောင်ရင်း​ ​သောင်တင်သွား​တာ”

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အဖွဲ့​ဟာ မြိတ်မြို့​ကမ်း​ခြေကို ပြီး​ခဲ့​တဲ့​ ည ၁ဝ နာရီ ​လောက်မှာ ပြန်လည် ​ရောက်ရှိခဲ့​ပြီး​ ​ထောင်​ပေါင်း​များ​စွာ​သော မြို့​ခံ​တွေက ကမ်း​ခြေမှာ​ စောင့်​ကြိုကာ တညလုံး​ နီး​ပါး​ ကား​တွေဆိုင်ကယ်​တွေနဲ့ ​တေး​သီချင်း​တွေဖွင့်​ကာ လှည့်​လည်​နေခဲ့​ကြတယ်လို့​ သိရပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ခရီး​ပန်း​လာပြီး​ ကျန်း​မာ​ရေး​ မ​ကောင်း​တာ​ကြောင့်​ မြိတ်မြို့​က ပါတီဝင် တဦး​ရဲ့​နေအိမ်မှာ တည်း​ခိုရင်း​ ​ဆေး​ကုသမှုခံယူ​နေရပါတယ်။ ကျွန်း​စုရွာ သွား​ရောက်​ဟော​ပြောမယ့်​ ခရီး​စဉ်ကို ဖျက်သိမ်း​လိုက်ပြီဖြစ်​ပေမယ့်​ ကျွန်း​စု ရွာသား​ တွအ​နေနဲ့​ ည​နြေ​မိတ်မြို့​မှာ ပြုလုပ်မယ့်​ ​ဟော​ပြောပွဲမှာ လာ​ရောက် နား​ထောင်နိုင်​အောင် ​ဒေါ်​အောင်ဆန်း​စုကြည်က စက်​လှေ စီစဉ် ​ပေးထား​တယ်လို့​သိရပါတယ်။ တနင်္ဂ​နွေ​နေ့​ည​နေ ၃နာရီ​လောက်မှာ​တော့​ ရန်ကုန်ကို ​လေကြောင်းနဲ့​ ပြန်လာဖို့​​ အစီအစဉ် ရှိပါတယ်။

No comments: