KHONUMTHUNG NEWS
Mara Evangelical Church မှ ချင်းပြည်နယ်၊ မတူပီမြို့နယ် စဘောင်းတဲ ကျေးရွာတွင် မတ်လ ၇ ရက်နေ့မှ ၁၁ ရက်အထိကျင်းပသည့် ဘာသာရေး ပွဲမိန့်နှင့် ပါတ်သက်ပြီး ချင်းပြည်နယ် လွတ်တော်အမတ် တဦးနှင့် ခလရ ၁၄၀၊ စဘောင်းတဲတပ်စခန်းမှ နယ်မြေခံ စစ်တပ် အကြား အငြင်းပွားမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့တွေက နယ်မြေခံ စစ်တပ်ထံ ပွဲကျင်းပခွင့် မတောင်းဘူး၊ အဲဒါကြောင့် သုံးရက်မြောက် ပွဲနေ့မှာ စစ် တပ်က ဧည့်စာရင်းစစ်ဖို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ထံ ပြောလာရာကနေ ပြသနာ စတာပါ ” ဟု ဒေသခံ တဦး က ပြောသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး အမတ်ကြီး ပူး ဗန်ကျင်က စစ်တပ်ထံ သွားပြီး ပြေလည်ရာပြေလည် ကြောင်းသွား ပြောသည်ကို ဗိုလ်ကြီး မျိုး မင်းသိုက် က ခါးကြားမှ သေနတ်ကို ထုတ်ပြီး ပူး ဗန်ကျင် ၀မ်းဗိုက်ကို ထောက်ကာ ရင့်သီးစွာ ပြောဆိုဆက် ဆံကြောင်း သိရသည်။
စစ်တပ်က ပူး ဗန်ကျင်အား ပြည်နယ်လွှတ်အမတ်တယောက်ဖြစ်တာ ဂရုမစိုက်ကြောင်း စစ်တပ်သည် ချင်းပြည်နယ်အစိုး ရရဲ့ ကွပ်ကဲမှု အောက်မှာမရှိကြောင်း ခုကိစ္စဟာလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရဲ့ အမိန့်အတွင်း ဆောင်ရွက်နေ တာဖြစ်သည်ဟု ပြောဆို ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
“ အဲဒီညမှာ အိမ်တိုင်း ဧည့်စာရင်းစစ်ဖို့ဆိုပြီး ညပိုင်း ၀တ်ပြုအစည်းအဝေးကို ၁၀ နာရီထိသာ ခွင့်ပြုတယ် ”ဟု ဒေသခံတ ဦး က ပြော သည်။
စစ်တပ်က ပွဲမစခင် ခရီးသည်များ စီးလာသည့် မော်တော်ယာဉ်စာရင်းနှင့် ယာဉ်နံပါတ်များ တောင်းခံခဲ့သည် ကို သက် ဆိုင်ရာက ပျက် ကွက်ခဲ့ကြောင်းလည်း ဒေသခံတွေက ပြောကြသည်။
“ မော်တော်ယာဉ်တွေကို ရွာထဲမှာ မထားဖို့ စစ်တပ်က ကျပ်လာတယ်၊ ဒါနဲ့ မော်တော်ယာဉ်တွေကို ရွာပြင် သွားထားကြ တယ်” ဟု မျက်မြင်တဦးက ပြောသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ပူး ဗန်ကျင်က ချင်းပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးဇော်မင်းဦးထံအ ကြောင်းကြား ခဲ့ရာ ၀န်ကြီး မှ ချင်းပြည်နယ်စစ်ဗျူဟာမှူးထံ အကြောင်းကြားပြီးမှ အကြောင်းပြန်မည်ဟု တုံ့ပြန်ပြောဆို ကြောင်း သိရ သည်။
နယ်စပ်ရေးရာ ၀န်ကြီးနှင့် ပူး ဗန်ကျင် တို့ ပြောဆိုအပြီးနောက်တနေ့တွင် စစ်တပ်မှ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ များအား ခေါ်ယူတွေ့ဆုံပြီး အငြင်းပွားမှုပြေလည်သည်ဟု သတင်းရရှိသည်။
ခရစ်ယာန်ဘာသာဝင် ၉၀ ရာခိုင်နှုန်းခန့်ရှိသော ချင်းပြည်နယ်တွင် ဘာသာရေးဆိုင်ရာ အခွင့်အရေးချိုး ဖောက်ခံရမှုများ မကြာ ခဏ ဖြစ် ပွားလျက်ပြီး၊ ခရစ်ယာန်ဘာသာဝင်များ၏ အထွဋ်အမြတ်ထားသော လက်ဝါး ကားတိုင်များ ဖျက်ဆီးမှုများ လည်း ဖြစ်ပွားလျက်ရှိသည်။
No comments:
Post a Comment