Monday, March 5, 2012

နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနှင့် တွေ့မည်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မတ်လ ၀၅ ရက် ၂၀၁၂

နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း နယူးဇီလန် သတင်းတရပ်တွင် ရေးသားထားသည်။

Radio New Zealand News အရ Mr McCully သည် တနင်္လာနေ့က မြန်မာနိုင်ငံကို ထွက်ခွါသွားပြီး အင်္ဂါနေ့တွင် နေပြည်တော် ၌ သမ္မ တ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဖော်ပြပါရှိသည်။

ယခုခရီးစဉ်မှာ Mr McCully ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယူးဇီလန်မှာ အရှေ့အာရှ ထိပ်သီးညီလာခံကဲ့သို့ ဒေ သတွင်း ဆွေးနွေးပွဲမျိုးတွေသာ တွေ့ဆုံလေ့ ရှိခဲ့ကြသည်။

No comments: