Thursday, March 22, 2012

အစိုးရတပ်က အဆိပ်ငွေ့သုံး၍တိုက်ခိုက်ဟု ကေအိုင်အေစွပ်စွဲ

နန်းမြနဒီ

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်း နေ ပေ မယ့် ကေအိုင်အေနဲ့  အစိုးရ အကြား တိုက်ပွဲတွေ ဆက်ဖြစ် နေပြီး အခု သီတင်းပတ် အတွင်း ဖြစ် ပွားတဲ့ တိုက်ပွဲ တခုမှာ အစိုးရ တပ်ဘက် က အဆိပ် ဓာတ်ငွေ့တွေပါ သုံးစွဲ လာတယ်လို့ ကေအိုင်အို ပြောရေး ဆိုခွင့် ရှိသူ ဦးလနန်းက ပြော ပါတယ်။

ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကန်ဒေါင်ယန် ကျေးရွာအနီးက တိုက် ပွဲမှာ အစိုးရဘက်က ဒီအဆိပ်သင့် ကျည်ငွေ့တွေကို သုံးခဲ့တာလို့ သူက ပြောပါတယ်။ မြစ်ကြီးနား ဗန်းမော်သွား လမ်းပေါ်မှာ ရှိတဲ့ အဲဒီ တောင် ကုန်း တွေပေါ်က ကေအိုင်အေ တပ်မဟာ ၅ လက်အောက် ခံ ခြေကုပ် စခန်းတွေ ကို ခလရ ၄၆၀၊ ခမရ ၃၉၀ စတဲ့ အစိုးရတပ်က လွန်ခဲ့ တဲ့ ၃ – ၄ ရက်က စပြီး သိမ်းဖို့ ကြိုးစားတဲ့ အတွက် တိုက်ပွဲ ဆက် ဖြစ်နေတယ် လို့ သူက ဆိုပါတယ်၊။

၂၀၁၁​ ခုနှစ် နှစ်လည်ပိုင်းက ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရတို့ အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာလည်း အစိုးရ ဘက်က ပစ် တဲ့ ကျည်ဆံပေါက်ကွဲမှုကနေ ထွက်တဲ့အငွေ့​ကို ရှုရှိုက်မိတဲ့ ရှမ်းတပ်သားတချို့  မူးဝေခဲ့ရတယ် ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ဖူးပါတယ်​။

No comments: