လင်းသန့် on March 22, 2012
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် ပိတ်ပင်ခံခဲ့ရသည့် မြန်မာ့ရိုးရာသံချပ် တိုင်ဖောက် သရုပ်ဖော်ခြင်းကို ယမန်နေ့ က ကျရောက်သည့် ကမ္ဘာ့ကဗျာနေ့ အခမ်းအနားတွင်ပထမဆုံး ပြန်လည် ဖော်ထုတ်လိုက်ကြောင်း သတင်း ရရှိသည်။
“နှစ်ပေါင်း ၂၀ ကျော်ကြာ မကြားရတဲ့ သံချပ်တွေကို အခု ကမ္ဘာ့ကဗျာနေ့မှာ ကျနော်တို့ ပြန်တိုင်ကြည့်တာပါ”ဟု ကဗျာဆရာ မောင်စိမ်းနီ (ပိတောက် ပွင့်သစ် မဂ္ဂဇင်း) က ဧရာဝတီကိုပြောသည်။
သံချပ်ဆိုသည်မှာ ခေတ်ကို ထင်ဟတ်ဖော်ပြသည့် ကြေးမှုန်ပြင်တခုဖြစ်ပြီး ယခုမျိုးဆက်သစ်များကိုလည်း အမွေ အဖြစ် ထားရစ်ခဲ့ လို ကြောင်း၊ သံချပ်နှင့် သင်္ကြန်သည် ခွဲမရကြောင်း၊ ပြည်သူ့ရင်ခုံသံများကို တဆင့် သံချပ်ဖြင့်ပြောဆို ခြင်းဖြစ်ကြောင်း၊ ပြည်သူများ က လည်း လိုလားကြောင်း သူက ဆက်ပြောသည်။
ရန်ကုန်မြို့ ယုဒဿန်ရိပ်သာတွင် မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂက ပထမဆုံး ကျင်းပသည့် ကမ္ဘာ့ကဗျာနေ့ အခမ်းအနား ကို နံနက် ၁၀ နာရီမှ စတင်ကျင်းပရာ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ နိုင်/ကျဉ်းဟောင်း များ၊ နိုင်ငံရေး အ သိုင်းအ၀ိုင်းနှင့် ကဗျာ စာပေ လောကသားများ စသည်ဖြင့် လူ ၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။
ယခုအခမ်းအနားသို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု(UNESCO)အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Ms Irina Bokova ကလည်း ဗီဒီ ယို ရုပ်သံဖြင့် သ၀ဏ်လွှာ ပေးပို့သည်။
ကမ္ဘာ့ ကဗျာနေ့အဖြစ် UNESCOက ၁၉၉၉ ခုနှစ်က စတင်၍ မတ်လ ၂၁ ရက်နေ့ ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနား တက်ရောက်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က“ပြည်သူလူထုရဲ့ ဘ၀တွေ၊ ပြည်သူ လူထု တ နှစ် တာလုံး ခံစားခဲ့သမျှကို ဖော်ထုတ်တဲ့ သံချပ်တွေမပါဘဲနဲ့တော့ သင်္ကြန်ဟာ မပြည့်စုံဘူးလို့ပဲ ခံစားရတယ်။ ကျနော့် အနေနဲ့ ထောင်ထဲ မှာပဲဖြစ်ဖြစ်၊ ထောင်ပြင်မှာပဲ ဖြစ်ဖြစ်ပေါ့ ဗျာ။ သံချပ်ဆိုတာ ပြည်သူ့ဘ၀ ရင်ခုန်သံပဲ”ဟု ဧရာဝတီ ကို ပြောသည်။
ကဗျာရွတ်ခြင်း၊ ပြဇာတ် ကပြဖျော်ဖြေခြင်း၊ ကဗျာမှ သီချင်းကူးပြောင်းထားမှု၊ ကဗျာ သံချပ် စသည့် အစီအစဉ်များကို ကဗျာ ဆရာများ ကိုယ်တိုင် သရုပ်ပြ တင်ဆက်မှုများ လုပ်ကြရာ ကိုမင်းကိုနိုင်ကလည်း ကဗျာတပုဒ်ကို ရွတ်ဆိုသည်။
“ကျနော်တို့ ကဗျာဆရာတွေက မေတ္တာတရားနဲ့ နေတဲ့သူတွေ၊ ပြည်သူနဲ့ တသားတည်းနေတဲ့သူတွေဆိုတော့ အိုမင်းတယ်မှ မရှိတာ။ အခု နှစ်ပေါင်းများစွာ မကြားရတဲ့သံချပ်သံတွေ ပြန်တိုင်၊ ပြန်ကြားရတော့ ပိုလတ်ဆတ်သွားတယ်”ဟု အခမ်းအနား ဦးဆောင်သူ တဦး ဖြစ် သည့် ကဗျာဆရာ မောင်စိမ်းနီက ပြောသည်။
ယခုနှစ် သင်္ကြန် ကာလတွင် သံချပ် အသင်းထွက်ရန် ပြင်ဆင်မှုများ ရှိကြောင်းလည်း သိရသည်။
မောင်စိမ်းနီက ဆက်လက်၍ သံချပ်အသင်း ထွက်ဖြစ်ပါက ခေတ်၏ လိုအပ်ချက်များကိုဖော်ပြသွားမည်ဖြစ်ပြီး ညီညွတ်ရေး၊ ငြိမ်းချမ်း ရေးကို အဓိက ထားကြောင်း၊ ယခုအခါ အရေးအကြီးဆုံး ဖြစ်သည့် ဧရာဝတီ ကယ်တင်ရေးကို ရေးစပ်ထားကြောင်းလည်း ပြောပြသည်။
“အရင်ဆုံးလုပ်ရမှာက ဧရာဝတီကို ကယ်တင်ဖို့ပဲ။ ဧရာဝတီကို ကယ်တင်ဖို့ဆိုတာ ကျနော်တို့ အားလုံး ညီညွတ်မှ ဖြစ်မယ်။ ခေတ်ရဲ့ပုံ ရိပ်ပေါ်လွင်မယ့် သံချပ်ကို လုပ်မှာပါ။ ဧရာဝတီဆိုတာက ကျနော်တို့ မြန်မာပြည်ပဲလေ”ဟု မောင်စိမ်းနီက ဆိုသည်။
“သစ္စာတရားကို ကိုးကွယ်ကြ၊ ဧရာဝတီကို ကယ်တင်ကြ”
ငြိမ်းချမ်းရေးကိုစောင့်ရှောက်ကြ၊ ဧရာဝတီကို ကယ်တင်ကြ”
နိုင်ငံတော်ကို စောင့်ရှောက်ကြ၊ ဧရာဝတီကို ကယ်တင်ကြ”
ကဗျာ ဆရာ မောင်စိမ်းနီက သံချပ်တပိုဒ်ကို ကိုယ်တိုင် ရွတ်ပြပြီးနောက် ယခင်က သံချပ်ခေတ်အကြောင်းကိုလည်း ပြော ဆိုသည်။
“တချိန်က ဆူးကြားက ဘူးခါးပေါ့။ နောက်ပိုင်းကျနော်တို့ နာမည်ကြီးတာက အပြာရဲ့ အနီ။ ကျနော် ဦးစီးပြီးလုပ်ခဲ့တာပေါ့” ဟု သူက ပြော သည်။
မြန်မာနိုင်ငံတွင် သံချပ်ယဉ်ကျေးမှုသည် သင်္ကြန်ကာလကျရောက်တိုင်း တင်ဆက်လာခဲ့သည်မှာ ရှေးယခင်ကတည်း က ဖြစ်ပြီး လွတ် လပ်ရေးရပြီးနောက်လည်း တခေတ်ဆန်းခဲ့ကြောင်း၊ ထို့နောက်ပိုင်းကာလများတွင်လည်း သံချပ် တိုင်ခြင်း အလေ့ အထ ထိန်းသိမ်း လာ ခဲ့ကြောင်း၊ ထိုစဉ်က“ပြီးပါပြီ”၊ ဆူးကြားက ဘူးခါး”၊“တို့တာဝန်ကို တို့သိသည်”၊“ဆိတ်ပါးစပ်နှင့် နတ်မျက် စိ” စသည့် သံချပ်အဖွဲ့များသည် ထင်ရှားခဲ့သည်ဟုလည်း ဆိုသည်။
၁၉၈၉ ခုနှစ်က သင်္ကြန်သံချပ်ပြိုင်ပွဲတခုကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ဦး ဆောင်ကျင်းပရာ ပြင်ပအသင်း နှစ်သင်းအပါအ၀င် မြို့နယ် NLD အသင်းများ ပြိုင်ပွဲဝင်ကြသည်။ ယင်း သံချပ်ပြိုင်ပွဲ နောက် ပိုင်း စစ် အ စိုး ရက သံချပ်နှင့် ပတ်သက်ပြီး ပိတ်ပင်ခဲ့ခြင်းသည်။
No comments:
Post a Comment