ဒီဗွီဘီ
ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အတွက် တပ်မ တော်သား လွှတ်တော် အ မတ် တွေကို ပိုပြီး အဆင့် မြင့်တဲ့ စစ် အရာရှိ တွေနဲ့ အစားထိုး လိုက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၂၂ ရက် နေ့စွဲနဲ့ ကြေ ညာ လိုက်ပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ဟာ ပြည်သူ့ လွှတ်တော် အမတ်အ ဖြစ် ခန့်အပ် ထားတဲ့ ဗိုလ်မှူး အဆင့် ၃၉ ယောက် နေရာမှာ ပိုပြီး ရာထူး မြင့်တဲ့ ဗိုလ်မှူးချုပ် ၄ ဦး၊ ဗိုလ်မှူးကြီး ၉ ဦးနဲ့ ဒုဗိုလ် မှူးကြီးအဆင့် ၂၆ ဦး အစားထိုး ခန့်အပ်ခဲ့ တာပါ။ အမျိုးသား လွှတ်တော် မှာတော့ အမတ် အြဖစ် ခန့်အပ် ထားတဲ့ ဗိုလ်မှူး အယောက် ၂၀ နေရာမှာ ဗိုလ်မှူးချုပ် အဆင့် ၄ ဦး၊ ဗိုလ်မှူးကြီး အဆင့် ၅ ဦးနဲ့ ဒု-ဗိုလ်မှူးကြီး အဆင့် ၁၁ ဦး အစားထိုး ခန့်အပ် ခဲ့ပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ဟာ ယခင် ကလည်း တပ်မတော်သား အမတ် တချို့ကို အပြောင်း အရွှေ့ လုပ်ခဲ့ဖူး ပေမယ့် ခုတြကိမ် ကတော့ အရေ အတွက် အများဆုံး ဖြစ်ပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ အဖွဲ့ဝင် အမတ် တချို့ လွှတ်တော်ထဲ ရောက်လာမယ့် အခြေ အနေ၊ ဒေါ်အောင်ဆန်း စုကြည် ကလည်း လွှတ်တော် ထဲမှာ ရွေးကောက်ခံ မ ဟုတ် တဲ့ တပ်မတော် သားတွေ ရောက်နေတဲ့ ကိစ္စ ဖွဲ့စည်းပုံ ပြင်နိုင်အောင် ကြိုးစား မယ်လို့ ပြောထားတဲ့ အချိန်နဲ့ တိုက်ဆိုင် နေပါတယ်။
လက်ရှိ ပြည်သူ့ လွှတ်တော်မှာ အန်အယ်လ်ဒီ အမတ်တွေ အပါ အဝင် ရွေးကောက်ခံ အမတ် ၃၂၂ ယောက်နဲ့ တပ်မတော်သား အမတ် ၁၁၀ ပါဝင်ပြီး အမျိုးသား လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၆၈ ယောက်နဲ့ တပ်မတော် သားကိုယ်စားလှယ် ၅၆ ယောက် ပါဝင် ပါတယ်။

No comments:
Post a Comment