Saturday, April 28, 2012

မြစ်ကြီးနား မြို့ပြင် ၂ နေရာတိုက်ပွဲမှာ မြန်မာအစိုးရစစ်သား ၃ ဦး ကျ

KNG

ဧပြီ ၂၇၊ သောကြာနေ့ နံနက် မိုးမလင်းခင် မြန်မာအစိုးရတပ်နှင့် တပ်မဟာ (၂) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သားများကြား မြစ်ကြီးနားမြို့ မြို့ပြင် ၂ နေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

နံနက် ၁ နာရီခန့်တွင် မြစ်ကြီးနားမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ကျော် အကဲကျေးရွာရှိ လီဒိုလမ်းမနှင့် ဆင်ဘိုလမ်းဆုံတွင် တပ်ချ ထားသော မြန်မာစစ်သားများကို KIA မှ ပစ်ခတ်ခဲ့သည်။ ထိခိုက် သေ ဆုံးသတင်း မသိရသေးပါ။

ယင်းနောက် နံနက် ၃ နာရီခွဲတွင် နမ်ကွယ်ချောင်း (Nam Koi Hka) ကြိုးတံတားတွင် လုံခြုံရေးယူထားသော မြစ်ကြီးနား နယ်မြေခံ ခလရ (၂၁) နှင့် KIA တပ်ရင်း (၁၁) ကြား အချိန်တို တိုက်ပွဲဖြစ် ပွားခဲ့ သည်။

ယင်း တိုက်ပွဲတွင် အစိုးရစစ်သား ၃ ဦး ကျ၊ ၆ ဦး ဒဏ်ရာရရှိပြီး KIA ဘက် ထိခိုက်မှုမရှိကြောင်း သေခံများဆိုသည်။

No comments: