Saturday, April 21, 2012

မဲရုံတွင်း​ ဝင်​ရောက်စည်း​ရုံး​တဲ့​ ကြံ့​ခိုင်​ရေး​အမတ်အမှု ရဲစစ်​ဆေး

အေး​နိုင်

ပဲခူး​တိုင်း​ သနပ်ပင်မြို့​နယ် မင်း​ရွာမဲရုံမှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ​နေ့​တုန်း​က ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီ အမတ်တဦး​က မဲရုံ ထဲထိ ဝင်​ရောက် မဲဆွယ်တယ်လို့​ တိုင်ကြား​ချက်ကို ရဲက လာ​ရောက် စစ်​ဆေး​ပါတယ်။

ဝေါမြို့​နယ် တိုင်း​ဒေသြကီး​ လွှတ်​တော်အမတ် ဦး​အောင်နိုင်က မင်း​ရွာမဲရုံထဲထိ ဝင်​ရောက်ပြီး​ ကြံ့​ခိုင်​ရေး​ပါတီအမတ်ကို မဲထည့်​ဖို့​ စည်း​ရုံး​တာကို တိုင်ခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကိုယ်စား​ပြု အမတ်​လောင်း​ ဦး​မြင့်​ဦး​ရဲ့​ မဲရုံကိုယ်စား​လှယ် ကို​ဇော်လင်း​ဦး​ကို ရဲက ဧပြီ ၁၈ ရက်​နေ့​မှာ စစ်​ဆေး​ခဲ့​တာပါ။

ကို​ဇော်လင်း​ဦး​က “မင်း​ရွာ ရဲအရာရှိက လာပြီး​တော့​ စစ်​ဆေး​သွား​တာ​ပေါ့​။ အခင်း​ဖြစ်တဲ့​နေရာ​တွေ ဓာတ်ပုံ​တွေ ဘာ​တွေရိုက်ပြီး​တော့​။ အဲဒီ​နေ့​က မဲရုံကိုယ်စား​လှယ် ကျ​နော်ရယ်၊​ ကိုဆန်း​ဦး​ရယ်၊​ ​အောင်နိုင်​ရေး​အဖွဲ့​က ကို​ငွေထွန်း​ အဲဒီ ၃ ​ယောက်စလုံး​ကို လာစစ်​ဆေး​ပါတယ်။ ဒီက မဲရုံ​ကော်မရှင် ဥက္ကဋ္ဌ​တွေ​ရော၊​ ​ကျေး​ရွာ​ကော်မရှင် ဥက္ကဋ္ဌ​ရော၊​ လုံခြုံ​ရေး​ ကိုခင်ဦး​ကိုပါ အကုန်လုံး​ စစ်​ဆေး​သွား​ပါတယ်။”

ရွေး​ကောက်ပွဲ​နေ့​မှာ ဦး​အောင်နိုင် မဲရုံတွင်း​ ဝင်​ရောက်မဲဆွယ်ခဲ့​ပုံကိုလည်း​ ကို​ဇော်လင်း​ဦး​က ခုလို ​ပြောပါတယ်။

“အဲဒီ မဲ​ပေး​တဲ့​နေ့​က သူက ကျ​နော်တို့​ မဲရုံအတွင်း​ထဲကို ဝင်လာပြီး​တော့​ မဲရုံအတွင်း​ထဲမှာ သူက ​တွေ့​တဲ့​လူကို လက်စွဲနှုတ်ဆက်ပြီး​တော့​ ကျ​နော် ​ဝေါမြို့​နယ် တိုင်း​ဒေသြကီး​ လွှတ်​တော်အမတ် တ​ယောက် ပါ ဘာညာနဲ့​ ​ပြော​နေတယ်။ ​ပြော​နေ​တော့​ ဥပ​ဒေအရ ထုတ်ပြန်ထား​တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​တွေ ရှိတယ်၊​ အစ်ကို မသိဘူး​လား​ဆို​တော့​… ငါ အမတ် တ​ယောက်တဲ့​၊​ မင်း​တို့​ ငါ့​ကို ဘာလုပ်မလဲတဲ့​၊​ မင်း​တို့​ ကြိုက် တဲ့​ ဥပ​ဒေနဲ့​ တရား​စွဲတဲ့​။ အဲဒါဆိုရင် ကျ​နော်တို့​က ဥပ​ဒေအရ အစ်ကို ကို ကျ​နော်တို့​ ဆက်လုပ်ပါ့​မယ်လို့​၊​ အဲဒီအတိုင်း​ပြောပြီး​ ကျ​နော်တို့​ တာဝန်ရှိတဲ့​ လုံခြုံ​ရေး​အဖွဲ့​ကို ကျ​နော်တို့​က ​ပြောပြီး​တော့​ သူ့​ကို အြပင် ထုတ်ခိုင်း​ လိုက်တယ်။”

ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲတုန်း​က သနပ်ပင်မြို့​နယ်မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​မြင့်​ဦး​က ယှဉ်ပြိုင်အနိုင်ရခဲ့​ပါတယ်။

No comments: