Thursday, August 9, 2012

မောင်တောမြို့တွင် လုံခြုံရေးများ ပိုမိုတင်းကြပ်ထား

မင်းသွီး

သြဂုတ်လ (၈) ရက် နေ့ ရခိုင်ပြည်နယ်မောင်တောမြို့တွင် ဈေးများကို ပိတ်ထားပြီး လုံခြုံရေးများကို ပိုမိုတင်းကြပ်စွာ ချထားကြောင်း သတင်း ရရှိသည်

မနေ့ သြဂုတ်လ (၈) ရက်နေ့သည် ရှစ်လေးလုံး နေ့တစ်နေ့ဖြစ်သည့်အပြင် ရခိုင်ပြည်နယ် မောင် တောမြို့တွင် ဘင်္ဂလီမူဆလင်များ ဒေသခံ များနှင့် နေအိမ်များကို စတင်အကြမ်းဖက်ခဲ့သည့် (၂) လပြည့်နေ့လည်း ဖြစ်သောကြောင့် မောင်တောမြို့တွင် ဈေးများကို ပိတ်ထားရပြီး လုံ ခြုံရေးများ ပိုမိုတင်းကြပ်စွာ ချထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

" အခြေအနေတွေက အားလုံးငြိမ်သက်နေပါတယ်။ ဘာပြဿနာမှ မရှိသေးဘူး၊ လုံခြုံရေးတွေ တော့ အများကြီးချထားတာ တွေ့ရပါတယ်။ မောင်တောမြို့ဈေးကို အာဏာပိုင်တွေက ကြိုတင်ပိတ်ခိုင်းထားလို့ ပိတ်ထားရပါတယ်။ ပြဿနာတစ်ခုခုဖြစ်လာမှာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ပေါ့။ စာသင်ကျောင်း တွေတော့ မပိတ်ခိုင်းပါဘူး။ ဒါပေမယ့် ဘယ်သူမှ ကျောင်းမသွားကြဘူး " ဟု မောင်တောမြို့ခံတစ်ဦး မှပြော သည်။

ဘူးသီးတောင်မြို့တွင်လည်း ဈေးကိုပိတ်ထားပြီး လုံခြုံရေးများကိုလည်း တစ်မြို့လုံးအနှံ့ ချထားကြောင်း သိရှိရသည်။

No comments: