Monday, August 13, 2012

နိုင်ငံရေးဆွေးနွေးရန်ဆန္ဒ အစိုးရတွင် မရှိဟု KNU ပြော

ကွန်းချမ်း | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂

အစိုးရတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးရန်ဆန္ဒ မရှိဘဲ စီးပွားရေး ဖွံ့ဖြိုးရေးကိစ္စများကိုသာ အသားပေး ဆွေးနွေးနေကြောင်း ကရင်မျိုး သား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောတာ မလာဘော ကသြဂုတ်လ ၁၂ ရက်နေ့တွင်ကျ ရောက် သည့် ၆၂ ကြိမ်မြောက် ကရင်အာဇာနည်နေ့တွင် ပြောကြားလိုက်သည်။

“လက်ရှိ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေးတည် ဆောက် နေပါသည်ဟု နားထောင်ကောင်း အောင်ပြောနေသော်လည်းဘဲ လက်တွေ့တွင် စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုးကို ပြုလုပ်ရန် ဆန္ဒရှိပုံ မပေါ်ပေ။ နိုင်ငံရေး အနှစ် သာရ ကင်းမဲ့သည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုမျိုး၊ စီးပွားရေး ဖွံ့ဖြိုးရေး ကိစ္စများကို သာစောင်း ပေးသည့် တွေ့ဆုံဆွေးနွေး မှုမျိုး ဖြင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှု ကိုရရှိအောင် ပြုလုပ်နေခြင်းသာ ဖြစ်သည်” ဟု ၎င်း၏ မိန့်ခွန်းတွင် ပါရှိသည်။

ကရင် တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး ကျဆုံးသည့် နေ့ကို အစွဲပြု သတ်မှတ်ခဲ့ သည့် ကရင် အာဇာနည်နေ့ အခမ်းအနားတွင် KNU ဥက္ကဋ္ဌက မိန့်ခွန်းပြော ဆိုခဲ့ခြင်း ဖြစ် သည်။

ထို့ပြင် ခေတ်မီဖွံ့ဖြိုးသည့် ဒီမိုကရေစီနိုင်ငံသစ်သို့ ချီတက်လိုပါက တိုင်းရင်းသားများနှင့် စစ် မှန်သည့် ငြိမ်းချမ်းရေးတည်ဆောက်ပြီးနိုင်ငံ ရေးအရ အဓိပ္ပါယ်ပြည့် ဝသည့် တွေ့ဆုံဆွေး နွေးမှု ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန် အား တိုက်တွန်းလိုက်သည်။ သို့မဟုတ်ပါကပြည်တွင်း စစ်ဆက်လက်ဖြစ်ပွားနေမည်ဟုလည်းထောက်ပြထားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KNU တို့ ဘားအံမြို့တွင် တတိယအကြိမ် ငြိမ်းချမ်းရေး မဆွေး နွေး မီရက်ပိုင်းအလိုတွင် ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ကာလတလျှောက်တွင် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် အစိုးဘက်မှ အကြိမ်ကြိမ် တိုက် တွန်း ခဲ့ပြီး၊ KNU ဘက်ကစစ် မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ပြီးမှသာလျှင် လုပ်ဆောင်သင့်သည်ဟု ရှုမြင်ကြသည်။

KNU ဒု-ဥက္ကဋ္ဌ စောဒေးဗစ်သာကပေါ ကလည်း “တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အ ခတ် ရပ်စဲရေး လုပ်ပြီး နိုင်ငံရေး ဆွေး နွေး။ အဲဒီ ဖွံ့ဖြိုးရေးတို့ ဆိုတာက တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ပြီးမှသာလျှင် လုပ်သင့် တယ်” ဟု ဆိုသည်။

ယခုလ တတိယပတ်အတွင်း ပြည်ထောင်စုအဆင့်နှင့် တတိယအကြိမ် ဆွေးနွေးမည့် KNU အနေနှင့် အပစ်အခတ် ရပ်စဲရေး ခိုင်မာရန် အ တွက်တပ်များ ပြောင်းရွှေ့ လျှော့ချရေး၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်များပြင်ဆင်ရေးကို အဓိက ဆွေးနွေးသွားမည်ဟု စောဒေး ဗစ်သာကပေါ က ပြောသည်။

“ဒါက အခြေခံပဲလေ။ အခုက အပစ်အခတ် ရပ်စဲရေး ပဏာမအဆင့်ပဲ ရှိသေးတယ်။ အဲဒီအဆင့်က မတက်သေးဘူး။ အစိုးရဘက်က စခန်း တွေကို ပိုပြီး ခိုင်မာအောင်လုပ်နေတယ်။ လက်နက်တွေ ပို့နေတယ်။ အဆိုးဆုံးကတော့ စိုးမိုး နယ်မြေ တိုးချဲ့တာပေါ့ဗျာ။ အဲဒါဆို တော့ တိုက်ပွဲတွေ ပြန်ဖြစ်မှာပဲ။ ဒါ့ကြောင့် အဲဒီကျင့်ဝတ်တွေကိုချမှတ်ဖို့ဆွေးနွေးသွားမှာ” ဟု မဇ္ဈိမကို ပြောသည်။

KNU သည် အစိုးရနှင့် ပုံမှန်ဆက်သွယ်ရေး ပြုလုပ်နိုင်ရန်အတွက် ယခုလ ၁၈ ရက်နေ့တွင် မြဝတီမြို့၌ ထပ်မံဖွင့်လှစ်သွားမည် ဖြစ်သည်။ ဧပြီ လအတွင်းက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် တနင်္သာရီတိုင်း ထားဝယ်ဒေသတွင်လည်းကောင်း၊ မေလက ကရင်ပြည်နယ်၊ ကြာ အင်း ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် လည်းကောင်း ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

ကရင် အာဇာနည်နေ့ကို KNU လက်အောက်ခံ မြိတ်ထားဝယ်၊ ဒူးပလာယာ၊ ဘားအံ၊ ညောင်လေးပင် စသည့် ခရိုင် ခုနှစ်ခုရှိ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်မဟာ ၇ ခုတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် KNU သည် တော်လှန်ရေး သက်တမ်း အရှည်ကြာဆုံး အဖွဲ့ ဖြစ်ပြီး ကိုယ့်ကြ မ္မာ ကိုယ် ဖန်တီးခွင့်အတွက် ၁၉၄၉ ခုနှစ်ကတည်းက အစိုးရအဆက်ဆက်အား လက်နက်ကိုင်တော်လှန်လာခဲ့သည်။

No comments: