Monday, August 13, 2012

သမာသမတ်ကျသည့် အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂကို RNDP တောင်းဆို

ဇင်ကီး

ရခိုင်ပြည် တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများအား လေ့လာရန်ရောက်ရှိလာ သော မစ္စတာ သောမတ် အိုဟေး ကင် တားနားအ နေဖြင့် ဘက်နှစ်ဖက်အား လေ့လာခဲ့ခြင်း မျိုးမဟုတ်ဘဲ တဘက်တည်းသာတွေ့ဆုံးပြီး တဖက်သတ်အမြင်များကိုသာ သတင်း စာရှင်း လင်းပွဲတွင် ပြောကြေားခဲ့ခြင်းကြောင့် ကင်တားနားနေရာတွင် သမာသမတ်ကျသည့် အထူး ကိုယ်စားလှယ်တစ်ဦးပြောင်းလဲတာဝန်ပေးရန်ကမ္ဘာ့ကုလသမဂ္ဂကိုတောင်းဆိုလိုက် ကြောင်း RNDP ၏ အတွင်းရေးမှူး ခိုင်ပြည်စိုးကပြောသည်။

" အဲဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်တိုင်းရင်းသားတွေ မကြိုက်တဲ့၊ တိုင်းရင်းသားတွေကြား မှာ မရှိတဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးသွားတယ်၊ ရိုဟင်ဂျာတွေဟာ ခွဲခြားဆက်ဆံမှု တွေခံနေရတယ် ဆိုပြီးပြောသွားတယ်၊ ဒီလိုပြော ဆိုမှုတွေဟာ သူ့အနေနဲ့တဖက်သတ်ပြော ဆိုမှုတွေသာ ဖြစ်တယ်၊ ဒီလိုပြောဆိုမှုတွေဟာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ်တစ်ဦး အ နေနဲ့ သမာသမတ်ကျတဲ့ ပြောဆိုမှုမျိုး မဟုတ်ဘူးလို့ မြင်တယ်၊ ဒါကြောင့် မစ္စတာကင်တား နားနေရာမှာ သမာသမတ်ကျတဲ့ အထူးကိုယ် စားလှယ်တစ်ဦး ခန့်အပ်ပေးဖို့ တောင်းဆို တာဖြစ်တယ် " ဟု ခိုင်ပြည်စိုးက ပြောသည်။

ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းများနှင့် INGOs အဖွဲ့အစည်းမျာမှ ရခိုင်ပြည်နယ်အ တွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ဘင်္ဂလီနှင့် ရခိုင်တိုင်းရင်းသားများအကြား ခွဲခြား ဆက်ဆံမှုများရှိခဲ့ကြောင်းကို သူကဆက်ပြောသည်။

" ရခိုင်မှာ အရေးအခင်းဖြစ်ပြီးနောက်ရော၊ မဖြစ်ခင်ကာကရော ရခိုင်တွေဟာ ခွဲခြားဆက်ဆံခံခဲ့ရ တယ်။ ဒီလိုခွဲခြားဆက်ဆံမှုတွေဟာ ဘူးသီး တောင်၊ မောင်တောနယ်က ဒေသခံတွေကြားမှာ ပျံ့နှံ့နေတယ်။ ဒါကြောင့် အဲဒီဒေသတွေကို သွားပြီး ကျနော်လေ့လာခဲ့တယ်။ INGOs၊ UNHCR၊ BAG စတဲ့အဖွဲ့တွေက ရခိုင်တိုင်းရင်းသားကျေးရွာတွေမှာ အိမ်သာလေးတစ်လုံး၊ ရေ ကန်လည်းတစ်ခု၊ ကျောင်းလေးတစ်ဆောင်၊ ဆေးခန်း လေးတစ်ဆောင် လှူထားတာ မတွေ့ရဘူး။ သူတို့လှူထားတာတွေက ဘင်္ဂလီရွာ တွေမှာဘဲတွေ့ရတယ်၊ ဆင်းရဲနွမ်းပါတာတူပါလျှက်နဲ့ ရခိုင် တိုင်းရင်းသားတွေကို မကူညီဘဲ၊ ဘာ့ကြောင့် ဘင်္ဂလီကုလားတွေကို သာကူ ညီရတာလဲ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ရခိုင်တိုင်းရင်းသား တွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်" ဟု ခိုင်ပြည်စိုးက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်မှ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်(စ်)ကင်တားနား၏သတင်းစာရှင်း လင်း ပွဲတွင် ပြောကြားချက်နဲ့ပတ်သက်၍ အချက် (၅)ချက်ပါ သဘောထား ကြေငြာချက်အမှတ်- ၅/၂၀၁၂ ကို သြဂုတ်လ(၁၂)ရက်နေ့ကထုတ် ပြန်ခဲ့သည်။

" ကျနော်တို့က ဒီထုတ်ပြန်ချက်ကို ကုလသမဂ္ဂကို ပို့ပေးမှာဖြစ်တယ်၊ နောက်ပြီး ပြည်သူလူထုထဲ ကိုလည်း ဖြန့်ဝေ သွားမှာပါ " ဟုခိုင်ပြည်စိုး က ပြောသည်။

သြဂုတ်လ(၁၀)ရက်နေ့က နိုင်ငံရေးပါတီ(၂၄)ခုကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သော မတ်အိုဟေး ကင်တားနား၏ နေရာတွင် အခြားသူတစ်ဦးအား အစားထိုးပေးရန် ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီ ယား၏ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားခဲ့ကြောင်းသိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်က သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက် သော ကြေငြာချက်ကိုလည်း မူ ရင်းအ တိုင်းမှ ကူးယူပြီး တင်ပြလိုက်သည်။



ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်

စစ်တွေမြို့၊ ရခိုင်ပြည်နယ်

ကြေငြာချက် အမှတ် - ၅ / ၂၀၁၂


နေ့စွဲ - ၁၂/၈/၂၀၁၂

၁၃၇၄ - ခု၊ ဝါဆိုလပြည့်ကျော်(၁၂)ရက်၊ တနင်္ဂနွေနေ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ၈-၆-၂၀၁၂ နေ့ မောင်တောမြို့နယ်၊ ရခိုင်တိုင်းရင်းသားများ၏ အိမ်များ၊ တခြားအ ဆောက် အဦးများကို မီးရှို့ဖျက်ဆီး၊ သတ်ဖြတ်ခံရခြင်းမှ စတင်ဖြစ်ပွားခဲ့သည့် ဒေသတွင်း မတည်မငြိမ်မှုများကို နိုင်ငံရေးပါတီတစ်ခု၏ မူဝါဒ ရေးရာ များနှင့်အညီ ဘက်လိုက်မှုမရှိစေဘဲ ဖြစ်ရပ်မှန်များကို အချိန်နှင့်တပြေးညီ လေ့လာစောင့်ကြည့်လျှက်ရှိပါသည်။

ရခိုင်တိုင်းရင်းသားများကို ကိုယ်စားပြုဖွဲ့စည်းထားသည့် ပါတီတစ်ရပ်အနေဖြင့် မိမိတို့လူ့အဖွဲ့အစည်းနှင့် မိမိတို့၏နယ်မြေ အစဉ်တည်တံ့ ရပ် တည်နိုင်ရေးအတွက် ပါတီဖွဲ့စည်းပုံ စာမျက်နှာ(၂)၊ နိုင်ငံရေးကဏ္ဍ အပိုဒ်(ဆ)တွင် " ၁၉၈၂ - ခုနှစ်၊မြန်မာနိုင်ငံသားဥပဒေကိုအခြေ ခံ၍ရခိုင် ပြည်နယ်အတွင်း တိုင်းရင်းသားမဟုတ်သည့် လူမျိုးခြားများ တရားမဝင် ဝင်ရောက်အခြေ ချက်နေထိုင်မှုကို တားဆီးပိတ်ပင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် " ဟူ၍ လည်းကောင်း၊ စာမျက်နှာ(၈)၊ အုပ်ချုပ်ရေးကဏ္ဍတွင် " ကမ္ဘာ့ကု လသမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာ တမ်းပါ ပြဌာန်း ချက်များနှင့် အညီ လူ့အခွင်အရေးအပြည့်အဝရရှိရေး ကြှိုးပမ်းဆောင်ရွက်ရန် " ဟူ၍လည်းကောင်း ဖော်ပြပါရှိပါသည်။

ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် မတည်မငြိမ်မှုနှင့်ပတ်သတ်၍ လေ့လာစုံစမ်းရန်ရောက်ရှိလာသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်(စ်)ကွင်တားနားသည် သတင်းစာရှင်းလင်းပွဲ၌ ဒေသခံပြည်သူများ၏ဆန္ဒကို အလေးမထားဘဲ တစ်ဖက်သက်ပြော ဆိုသွား သည်ကို တွေ့ရှိရ သည့်။

ထို့ကြောင့် အောက်ဖော်ပြပါ သဘောထားကြေငြာချက်ကို ထုတ်ပြန်လိုက်သည် -

၁။ " ရိုဟင်ဂျာ " ဆိုသည့် စကားလုံးကို သုံးနှုန်းပြောဆိုခြင်းနှင့် ပတ်သတ်၍ သောမတ်(စ်)ကွင်တားနား သည် ရခိုင်လူမျိုးများ၏ သမိုင်းအစဉ် အလာနှင့်ဖြစ်တည်မှုကို အသိအမှတ်မပြုသည့်အပြင် သမိုင်းလိမ်များ ကို အား ပေးမြှောက်ပင့်ရာ ရောက်နေသည်။ ထိုစကားလုံးကို သုံးနှုန်း ပြောဆိုခြင်းမပြုရန် အလေးအနက် တိုက်တွန်းသည်။

၂။ " ခွဲခြားဆက်ဆံခြင်းခံနေရသည် " ဟု စွပ်စွဲပြောဆိုခြင်းသည် မစ္စတာကွင်တားနားအ နေဖြင့် ဘူးသီး တောင်၊ မောင်တောမြို့နယ်များတွင် အဆမတန်လူဦးရေပေါက်ပွားမှုကြောင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုအနိဌာရုံ ပေါ်ပေါက်နေမှုကို လူသားချင်း စာနာထောက်ထားမှု မရှိ သည့်အပြင် ကုလသမဂ္ဂလက် အောက် ရှိ အဖွဲ့အစည်းများနှင့် INGOs - အဖွဲ့အစည်းတချို့က တရားမဝင်ခိုးဝင် လာသည့် ဘင်္ဂလီ များကို တဖက်သတ် ကူညီထောက်ပံ့ နေခြင်း သည်သာ အမှန်တကယ် ခွဲခြားဆက် ဆံခြင်းဖြစ်သည်ဟု ရှုမြင်သုံး သပ်ရန် လိုအပ်သည်။

၃။ " ၁၉၈၂ - ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ(Burma Citizenship Law)ကို ပြန်လည်သုံးသပ်ပေး ရန် " တောင်းဆိုခြင်းနှင့် ပတ်သတ်၍လည်း နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုခွင့်အာဏာကို ဝင်ရောက်စွက်ဖက် ရာ ရောက်ပြီး တရား မဝင် ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂလီများ၏ ထိုး နှက်ချက်ကို လက်ဆုပ်လက် ကိုင်ပြုကာ ကျစ်လစ်ခိုင်မာသည့် ရခိုင်လူ့အဖွဲ့အ စည်းကို မတည်မငြိမ်ဖြစ်စေနိုင်သည့် ဆိုးကျိုးများဖြစ် ပေါ်လာ နိုင်ခြင်းကြောင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို အလေးထားစဉ်စား ရန်၊ နိုင်ငံတစ်နိုင်ငံ၏ အတည်ပြုပြဌာန်းထားသည့် ဥပဒေကို လေး စားလိုက်နာရန် တိုက်တွန်းသည်။

၎။ ရခိုင်ပြည်နယ်အတွင်းသို့ စုံစမ်းလေ့လာရေး ခရီးရောက်ရှိလာသည့် ကွင်တားနားသည် ပဋိပက္ခဇစ်မြစ် ကို တစ်ဖက်သတ်အမြင်ဖြင့်တွေ့ဆုံလေ့လာပြီး ဖိအားပေးပြောဆိုမှုများရှိနေခြင်းကြောင့် ပကတိအဖြစ်မှန် တရား ပေါ်ထွက်နိုင်စရာအကြောင်းမရှိသည့်အတွက် ကမ္ဘာ့ကု လ သမဂ္ဂအနေဖြင့် သမာသမတ်ကျသည့် အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးအပ်ပါရန် လေးလေးနက်နက် တောင်းဆို သည်။

ဗဟိုအလုပ်အမှုဆောင်ကော်တီ

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ

ဆက်သွယ်ရန် - ခိုင်ပြည်စိုး

- အတွင်းရေးမှူး

ပြန်ကြားရေးတာဝန်ခံ

၀၉-၄၂၁ ၇၁၄ ၅၈၉

(ဦးမြင့်နိုင်၊ ဘဏ္ဍာရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ နသ - ၀၁၃)

No comments: