ABC
မြန်မာအစိုးရက ကလေးစစ်သား ၂၄ ယောက်ကို မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းကို မနေ့တုန်းက ပြန်လည် လွဲအပ်ပေးတဲ့အတွက် ကုလ သမဂ္ဂက ကြိုဆိုလိုက်ပြီး ကျန်တဲ့ ကလေးစစ်သားတွေကိုလည်း အမြန်ဆုံး ပြန်လည်လွဲအပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ်အတွင်းရှိ ကလေးစစ်သားတွေကို မိသားစုတွေရဲ့ လက်ထဲ ပြန်လည်လွဲအပ်ပေးဖို့ နဲ့ ကလေးစစ်သားတွေ နောက်ထပ် မခေါ်ယူဖို့ ပြီးခဲ့တဲ့နှစ်ကပဲ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့အကြား သဘောတူညီမှုရယူပြီးနောက် ခုလို ကလေးစစ်သားတွေကို လူမှုအသိုင်းအဝိုင်းထဲ ထပ် မံလွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ကျန်ကလေးစစ်သားတွေအားလုံးကို အမြန်ဆုံးလူမှုအသိုင်းအဝိုင်းထဲ လွဲပေးဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်သလို တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း အလားတူလုပ်ကြဖို့ တိုက်တွန်းလိုက် ပါတယ်။
ကလေးစစ်သားကို အသုံးပြုတဲ့ နိုင်ငံ ၁၄ နိုင်ငံထဲမှာ မြန်မာနိုင်ငံပါတယ်လို့ ကုလသမဂ္ဂစာရင်းအရ သိရပါတယ်။
No comments:
Post a Comment