ဖဲဘူး
ကယားပြည်နယ်အတွင်း လူငယ်များကြား မှုးယစ်ဆေးဝါးသုံးစွဲမှု မြင့်မားလာတဲ့အလျောက် ပြန်လည်လျော့ချနိုင်ဖို့အစိုးရမှ အစီအစဉ်ကောင်းများ ချမှတ်ရန်လိုအပ်နေပြီလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP နဲ့ အစိုးရတို့ရဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သက်သေအဖြစ်တက်ရောက်ခဲ့သည့် ကရင်နီပြည်လူငယ်များသမဂ္ဂ UKSY မှ ယခုလို ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
လူငယ်အများစုဟာ လူနေမှုဘ၀အခြေအနေ မလုံလောက်မှု ဘ၀တက်လမ်းအတွက် အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ မရှိတဲ့အတွက်ကြောင့် ယခုလို မှုးယစ်ဆေးဝါးသုံးစွဲမှု လမ်းကြောင်းပေါ်ပိုပြီး ရောက်ရှိသွားကြတာ ဖြစ်တယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ UKSY မှ ခွန်းအားသန်းက ပြောပါတယ်။
“လူတွေက ကျောင်းပြီးရင် ဒါမှမဟုတ် ကျောင်းမတက်ရင်တောင်မှ တော်ရုံတန်ရုံ အသိုင်းဝိုင်းထဲမှာတောင်မှ လုပ်စရာမရှိသလို ဖြစ်နေ တယ်ပေါ့နော။ ဟေးလားဝါးလားနဲ့ တခုတည်းသောအား ကောင်းကောင်းနဲ့ ရှိနေတဲ့လမ်းက ဘာလဲဆိုရင် မှုးယစ်ဆေးဝါး သုံးစွဲမှု လမ်းကြောင်းတွေပေါ့နော။ ဆိုတော့ အဲဒီ လမ်းကြောင်းတွေ ရေးစီးကြောင်းတွေပေါ် အားလုံးမျောနေတာတွေ ဖြစ်နေတာပေါ့နော။ ဒါကြောင့်မို့လို့ ကျနော်တို့ ဖြစ်စေချင်တာက မှုးယစ်ဆေးဝါး လျော့ကျဖို့ဆိုရင် သေချာတယ်… ဒီနိုင်ငံအစိုးရကိုယ်၌က STATE HOLDER တွေအားလုံးပေါင်းပြီးတော့ PLAN ကောင်းကောင်းလေးလိုပါတယ်”
ကယားပြည်နယ်အတွင်း မှုးယစ်ဆေးဝါးကင်းစင်ရေး ကိစ္စနှင့်ပတ်သက် ၍ KNPP နဲ့ အစိုးရတို့ရဲ့ ပထမအကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည့်အတွက် ယခု ဒုတိယ အကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက် လက်မှတ်ရေးထိုးစဉ်မှာတော့ အချက်တခုအနေနဲ့ ထည့်သွင်းခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
အခုလို ကယားပြည်နယ်အတွင်း မှုးယစ်ဆေးဝါးကဲ့သို့သော ပြဿနာများကို အစိုရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အပစ်ခတ်ရပ်စဲရေးယူပြီးသည့်နောက် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ပြီး အမြန်ဆုံးအကောင်ထည်ဖော် ဖြေရှင်းပေး နိုင်ဖို့ မျှော်လင့်ကြောင်း ခုလိုဆက်ပြောပါတယ်။
“အကောင်ထည် ဖော်စေချင်တာပေါ့။ မြန်မာပြည် တပြည်လုံးရဲ့ပြဿနာ ဒါမှမဟုတ်ရင် ကျနော်တို့ပြည်နယ်ရဲ့ ပြဿနာကလည်း နိုင်ငံရေးပြဿနာပါပဲ။ အဲတော့ နိုင်ငံရေးပြဿနာပြေလည်မှ အေးချမ်းတယ်လို့ကျနော်တို့ ပြောလို့ရမှာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံး အကောင်ထည်ဖော်ဖို့ ဟာတွေပေါ့နော။ ကျနော်တို့ အပစ်ခတ်ရပ်စဲရေး ယူပြီးမှ အပစ်ခတ်ရပ်စဲရေး နောက်ဆက်တွဲ.. ဘယ်လိုပြောမလဲ… လျော့သွားမယ် ဆိုရင်လည်း မကောင်ဘူးလေနော။ အပစ်ခတ်ရပ်ရေးယူပြီး သေချာပြီဆိုတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအမြန်ဆုံး အကောင်ထည်ဖော်ပြီးမှ တကယ့်ပြဿနာအရင်းမြစ်ကို အဖြေရှာပြီး ၀ိုင်းဝန်း… ဘယ်လိုပြောမလဲ ဆောင်ရွက်ကြမှပဲ ကျနော်တို့ ကျနော်တို့တိုင်းပြည်က အမြန်ဆုံး ငြိမ်းချမ်းမယ်လို့ကျနော်က အဲလိုပဲယူဆပါတယ်"
ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွင်းမှာတော့ အစိုးရနှင့် KNPP တို့ ထပ်မံထည့်တွင်း ဆွေးနွေး ခဲ့ကြပါတယ်။
ဆွေးနွေးပွဲအပြီးမှာတော့ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် လူမှုဘဝ ပြန်ုပလည်ထူထောင်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရ၊ ပြည်နယ်အစိုးရနှင့် KNPP တို့ ပူးပေါင်းဆောင်ရွက်ဖို့ကို ယခင် ဇွန်လ ၉ ရက်နေ့ ပထမအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံပွဲမှာ ကတည်းကပင် သဘောတူညီ ထားကြပြီးဖြစ်လို့ ယခုဆွေးနွေးပွဲ အပြီးမှာတော့ သဘောတူညီချက် ထုတ်ပြန်ကြေငြာတဲ့ အချက်တွေထဲ ထည့်သွင်းခြင်း မပြုလုပ်တော့ပါဘူး။
No comments:
Post a Comment