Tuesday, October 1, 2013

ဂျပန်ရေတပ်သင်္ဘော ၃စင်း သီလ၀ါ ဆိပ်ကမ်း ဆိုက်ကပ်

ABC

မနေ့က ​မြန်မာနိုင်ငံ ​ရန်ကုန်သီလ၀ါ ​ဆိပ်ကမ်းမှာ ​ဂျပန်ရေတပ်သင်္ဘောသုံးစင်း ​ဆိုက်ရောက်လာခဲ့ပြီး ​ဒါဟာ ​ဂျပန်နိုင်ငံ ​ပင်လယ်ရေကြောင်းဆိုင်ရာ ​ကာကွယ်ရေးတပ် ​(Japan ​Maritime ​Self-defense ​Force) ​အနေနဲ့ ​ပထမဦးဆုံးအကြိမ် ​မြန်မာနိုင်ငံကို ​လာရောက် ​ဆိုက်ကပ်ခြင်း ​ဖြစ်ပါတယ်။

ရေတပ်သင်္ဘောသုံးစင်းထဲက ​တစင်းဟာ ​စစ်သင်္ဘောဖြစ်ပြီး ​ကျန်နှစ်စင်းကတော့ ​လေ့ကျင့်ရေးသင်္ဘောတွေဖြစ်ကြပါတယ်။ ​သင်္ဘောတွေထဲမှာ ​သင်္ဘောသားအယောက် ​၅၀၀ကျော်နဲ့ ​ရေတပ်တာဝန်ရှိသူ ​အယောက် ​၁၈၀ ​လိုက်ပါလာကြတာဖြစ်ပါတယ်။

ဒါဟာ ​မေလကုန်ပိုင်းကစပြီးတော့ ​ဂျပန်ရေတပ်က ​ပင်လယ်ရေကြောင်းဆိုင်ရာ ​သင်တန်းအနေနဲ့ ​ကမ္ဘာအနှံ့ ​လှည့်ပတ်နေတာဖြစ်ပါတယ်။

အခု ​သီလ၀ါဆိပ်ကမ်းဟာလည်း ​ဂျပန်ရေတပ်က ​ဆိုက်ကပ်ခဲ့ပြီးဖြစ်တဲ့ ​အာရှနဲ့ ​ဥရောပ ​နိုင်ငံတွေထဲက ​တခုဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ​နိုင်ငံအနှံသွားရောက် ​စစ်ရေးပြသနေတာဖြစ်သလို ​မြန်မာနိုင်ငံနဲ့လည်း ​ဆက်ဆံရေးတွေ ​တိုးတက်လာတယ်ဆိုတာ ​ပြသချင်နေတာ ​ဖြစ်တယ်လို့ ​လေ့လာသူတွေက ​သုံးသပ်နေကြပါတယ်။

No comments: