Tuesday, October 1, 2013

ချောက်တွင် ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည် အထိမ်းအမှတ်ပွဲနေ့တွင် သခင်ဖိုးလှကြီး ကြေးရုပ်တု ဖွင့်လှစ်မည်

ယုဝေ | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၃

၁၃၀၀ ပြည့် ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ချောက်မြို့ မြို့မိမြို့ဖများမှ စုစည်း ကျင်းပမည်ဖြစ်သည်ပာု ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းမြင့်ညိုက စက်တင်ဘာ ၃၀ တွင် မဇ္ဈိမသို့ ပြောသည်။

ပထမဆုံးအကြိမ် ကျင်းပမည့် အဆိုပါအခမ်းအနားတွင် ၁၃၀၀ ပြည့် ရေနံမြေသပိတ်၌ ဦးဆောင်ခဲ့သည့် သခင်ဖိုးလှကြီးပုံတူ ကြေးရုပ်တုကို ချောက်မြို့ရှိ အလုပ်သမား မေဒေးကျောက်တိုင်ပန်းခြံတွင် ထားရှိမည်ဖြစ်ကာ ယင်းကြေးရုပ်တု ဖွင့်လှစ်ပွဲအခမ်းအနားကိုလည်း ထည့်သွင်းကျင်းပမည် ဖြစ်သည်။ အဆိုပါ ကြေးရုပ်မှာ လေးပေ အရွယ်အစားရှိကာ ကိုယ်တစ်ပိုင်းပုံစံဖြစ်၍ ယင်းရုပ်တုအတွက် ကုန်ကျငွေမှာ ၄၅ သိန်းနီးပါး ဖြစ်သည်။

၁၃၀၀ ပြည့် ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ်ပွဲကို လာမည့် ဒီဇင်ဘာ ၁၁ ရက်တွင် အလုပ်သမား မေဒေးကျောက်တိုင် ပန်းခြံတွင် ကျင်းပမည်ဖြစ်ကာ လူဦးရေ ၃၀၀ မှ ၄၀၀ ခန့်အထိ ပါဝင်တက်ရောက်ကြမည်ပာု မျှော်မှန်းထားကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။ အခမ်းအနားကို ယင်းနေ့နံနက် ၇ နာရီတွင် စတင်ဖွင့်လှစ် မည် ဖြစ်သည်။

ရေနံမြေသပိတ် စိန်ရတုအထိမ်းအမှတ် အခမ်းအနားဖြစ်မြောက်ရေးကော်မတီကို မြို့မိမြို့ဖအင်အား ၄၀ ခန့်ဖြင့် ဇွန်လ ၂၃ ရက်က ဖွဲ့စည်းခဲ့သည်။

အဆိုပါအခမ်းအနားကို ချောက်မြို့သူ မြို့သားများမှ ဦးစီးပြုလုပ်မည်ဖြစ်ပြီး မည်သည့်ပါတီ၊ နိုင်ငံရေးမျှ ပါဝင်ရောယှက်မည် မပာုတ်ဘဲ ပြည်သူလူထုအနေဖြင့် ရေနံမြေသပိတ်မှ ပေါ်ထွက်လာခဲ့သည့် သခင်ဖိုးလှကြီးကဲ့သို့ သခင်မျိုး၊ သခင်စိတ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ပါဝင်ခဲ့သည့် သခင်၊ သခင်မများ၏ မျိုးဆက်များကို လည်း ထောက်ပံ့ငွေ ပေးအပ်မည်ဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီမှ သိရသည်။

၁၃၀၀ ပြည့်အရေးတော်ပုံသည် ရေနံမြေအလုပ်သမားလူတန်းစား၏ အရေးတော်ပုံဖြစ်ကာ ယင်းသပိတ်ကို ဦးဆောင်သူတစ်ဦးမှာ အာဠာဝက သခင်ဘိုးလှကြီးဖြစ်သည်။ ယင်းအရေးတော်ပုံသည် မြန်မာ့သမိုင်းတွင် ထင်ရှားသော မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု ဖြစ်သည်။

၁၃၀၀ပြည့် ရေနံမြေသပိတ်တွင် ရေနံမြေမှ အလုပ်သမားတို့သည် ရေနံချောင်းနှင့် ချောက်မြို့တို့မှ မိုင်ပေါင်း ၄၀၀ ကျော် ဝေးကွာသော ရန်ကုန်မြို့သို့ နိုဝင်ဘာ ၃၀ ရက်တွင် ချီတက်ခဲ့ကြပြီး ၁၉၃၉ ခု ဇန်န၀ါ ရီ ၈ ရက်တွင် ရန်ကုန်သို့ ရောက်ရှိကာ ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်၌ သပိတ်စခန်း ဖွင့်ခဲ့သည်။ ၁၃၀၀ ပြည့်ရေနံမြေသပိတ်သည် ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူ၊ လယ်သမား၊ အလုပ်သမားများ စုရုံးပါဝင်ကြသော ကြီးမားသည့် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး ဖြစ်သည်။

No comments: