ABC
စစ်တွေမြို့နယ် မှန်စီကျေးရွာအနီးမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲဝန်ထမ်းနှစ်ဦးကို မွတ်စလင် အုပ်စုတစ်စုက ၀ိုင်းရိုက်တဲ့အတွက် ရဲတစ်ဦးသေဆုံးပြီး ကျန်တဦးက စစ်တွေဆေးရုံကြီးမှာ အရေးပေါ် ဆေးဝါးကုသမှုခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ(၃၀)ရက်နေ့ ညနေလေးနာရီလောက်တုန်းက ရခိုင်သုဿန်ကိုဖျက်ဆီးနေတဲ့ ဘင်္ဂလီ ရိုဟင်ဂျာ တွေကို အဲဒီနေရာမှာ တာဝန်ကျတဲ့ ရဲတပ်သားနှစ်ဦးက ဟန့်တားခဲ့ရာကနေ ရိုက်နှက်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလက်ရှိ အဲဒီနေရာမှာ တာဝန်ကျနေတဲ့ ရဲအရာရှိတစ်ဦးရဲ့ ပြောပြချက်အရ ရခိုင်နဲ့ တရုတ်သုဿန်တွေကို ဘင်္ဂလီ ရိုဟင်ဂျာတွေက ဖျက်ဆီးနေတာကြာပြီဖြစ်ကြောင်း၊ မဖျက်ဆီးရအောင်ဆိုပြီး လုံခြုံရေး ရဲတပ်သား နှစ်ယောက် အစောင့်ချထားပြီး သုဿန်အဆောက်အဦးတွေကို ဖျက်ဆီးသူတွေကို ရဲတွေက ဖမ်းတဲ့အခါမှာ အနားမှာရှိတဲ့ မွတ်စလင် အမျိုးသမီးတွေက ရဲဖမ်းနေတယ်၊ လာကြ လာကြလို့ အော်ဟစ်ပြီးနောက် တခြားလူတွေ ရောက်လာပြီး အဲဒီရဲနှစ်ယောက်ကို ရိုက်နှက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရိုက်နှစ်မှုကြောင့် တစ်ဦးသေဆုံးပြီး နောက်တစ်ဦးကိုတော့ ဆေးရုံတင်ထားရပါတယ်။
အဲဒီအရိုက်ခံရတဲ့ ရဲတပ်သားနှစ်ဦးဟာ အသက်(၂၀)၀န်းကျင်တွေဖြစ်ပြီး စစ်တွေမြို့ကို ပြောင်းလာတာမကြာသးဘူးလို့လည်း မြစ်မခသတင်းအရ သိရပါတယ်။
No comments:
Post a Comment