Thursday, March 27, 2014

ပီနန်ဆရာတော်ကြီး မဟာသန္တိသုခမှ ထွက်ခွာပေးမည် မဟုတ်

ကေဇူး

မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်မှထွက်ခွာရန် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်သော် လည်း ဦးပညာဝံသ(ပီနန်ဆရာတော်)က ကျောင်းတော်မှ ထွက်ခွာမည်မဟုတ်ဟု မတ်လ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သံဃမဟာနာယကအဖွဲ့က ရန်ကုန်တိုင်းနတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိ သုခကျောင်းတော်မှ မတ်လ ၃၁ ရက်နေ့တွင် အပြီးထွက်ခွာပေးရန် စာထုတ် ထားခြင်းကို လက်မခံကြောင်း ရှင်းလင်း ခြင်းဖြစ်သည်။

“ကျောင်းတော်ကြီးက ထွက်ခွာပေးဖို့ ကိစ္စကို ဦးပဉ္ဇင်းတို့ဘက်က လက်မခံပါဘူး။ လုပ်လို့လဲမရပါဘူး၊ ဦးပဉ်္ဇင်းတို့မှာလည်း ဥပဒေအရာရှိတွေ ရှိပါတယ်။ အားလုံးကပူးပေါင်းဆောင်ရွက်မှာပါ” ဟု မဟာသန္တိ သုခကျောင်းတော်ကြီးနှင့် ပတ်သက်၍ ဦးပညာဝံသ၏ တပည့်ဖြစ်သူ ဦးဥတ္တရက မိန့်သည်။

ယင်းကျောင်းတော်တွင် သာသနာရေးလုပ်ငန်းများနှင့် မသက်ဆိုင်သည့် ရုပ်ရှင်ရိုက်ကူးရေး ခေတ်ပေါ်အကအဖွဲ့များအား ဗီဒီယို ရိုက်ကူးခွင့်ပြုခြင်း၊ မင်္ဂလာပွဲများအတွက် ခန်းမများနေ့စဉ်ငှားရမ်းခြင်း စသည်တို့ကို သာသနာရေးဝန်ကြီးဌာန လက်အောက်ရှိ လက်ရှိကျောင်းကော်မတီအဖွဲ့က စည်းကမ်းမဲ့စွာပြုလုပ်ခဲ့သည်ဟု ဦးဥတ်္တရက မိန့်သည်။

လတ်တလောအခြေအနေများအရ သံဃမဟာနာယကအဖွဲ့က ပီနန်ဆရာတော်ကြီးသည် ဘုန်းတော်ကြီးကျောင်းကို မပိုင်ဆိုင်တော့ သည့်အတွက် ကျောင်းမှ ထွက်ခွာသွားရန် ပြောဆိုနေခြင်းဖြစ်ပြီး ပီနန်ဆရာတော်ကြီးတို့ ဘက်မှ ပြန်လည် ငြင်းဆန်နေခြင်းဖြစ်သည်။

No comments: