Thursday, March 27, 2014

မျိုးစောင့်ဥပဒေကြမ်းကို ပယ်ဖျက် သင့်ကြောင်း လူ့အခွင့်အရေး အဖွဲ့ပြော

ABC

မြန်မာနိုင်ငံအနေနဲ့ ​မျိုးစောင့်ဥပဒေကြမ်းဟာ ​ဘာသာရေး ​လွတ်လပ်ခွင့်နဲ့ ​အမျိုးသမီးတွေရဲ့ ​အခွင့်အရေးကို ​ချိုးနှိမ်ထားတဲ့အတွက် ​မြန်မာ ​အစိုးရအနေနဲ့ ​ပယ်ဖျက်သင့်တယ်လို့ ​အမေရိကန် ​အခြေစိုက် ​Human ​Rights ​Watch ​လူ့အခွင့်အရေးအဖွဲ့ ​က ​ပြောဆိုလိုက်ပါတယ်။

မြန်မာ့ပါလီမန်မှာ ​ဆွေးနွေးနေကြတဲ့ ​မျိုးစောင့်ဥပဒေအရ ​ဗုဒ္ဓဘာသာ ​အမျိုးသမီးတယောက်ကို ​လက်ထပ်မယ်ဆိုရင် ​နဲ့ ​ခရစ်ယာန်အပါအ၀င် ​တခြား ​ဘာသာခြားတွေဟာ ​ထောင်ဒဏ် ​၁၀ ​နှစ်ကျခံရနိုင်ပါတယ်။

အခုလို ​ခွဲခြားဆက်ဆံမှုကို ​အားပေးတဲ့ ​အရာမျိုးကို ​မြန်မာ ​မိသားစုဆိုင်ရာ ​ဥပဒေကြမ်းမှာ ​ထည့်သွင်းဖို့ ​ကြိုးစားတာဟာ ​အင်မတန် ​အံအားသင့်စရာ ​ကောင်းတယ်လို့ ​HRW ​ရဲ့ ​အာရှ ​ဒါရိုက်တာ ​ဘရတ် ​အာဒမ်စ် ​က ​ပြောပါတယ်။

ဒီဥပဒေသာ ​အတည်ဖြစ်ခဲ့မယ်ဆိုရင် ​အမျိုးသမီးတွေဟာ ​မိမိတို့ ​နှစ်သက်ရာသူနဲ့ ​လက်ထပ်ခွင့်ကို ​ကန့်သတ်လိုက်သလို ​ဖြစ်တဲ့အပြင် ​ဘာသာရေး ​လွတ်လပ်ခွင့်နဲ့ ​အမျိုးသမီးတွေရဲ့ ​အခွင့်အရေးကို ​အကြီးအကျယ် ​ထိခိုက်စေမှာ ​ဖြစ်တယ်လို့ ​HRW ​ရဲ့ ​အာရှ ​ဒါရိုက်တာ ​ဘရတ် ​အာဒမ်စ် ​က ​သူရဲ့ ​အစီရင်ခံစာမှာ ​ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်တွေကို ​အကာအကွယ်ပေးနိုင်ဖို့ ​ရည်ရွယ်ထားတယ်ဆိုပြီး ​မြန်မာ ​သမ္မတကပြောနေပေမယ့် ​ဗုဒ္ဓဘာသာဝင် ​အမျိုးသမီးတွေအနေနဲ့ ​ဗုဒ္ဓဘာသာဝင် ​အမျိုးသားတွေနဲ့ ​သာ ​လက်ထပ်ခွင့်ရတော့မှာ ​ဖြစ်တယ်လို့ ​HRW ​က ​မြင်နေပါတယ်။

နောက်ပြီး ​သတို့သမီး ​မိဘတွေရဲ့ ​ခွင့်ပြုချက်ပါရမယ်ဆိုတဲ့ ​အချက်ကလည်း ​အမျိုးသမီးတွေရဲ့ ​ကိုယ်ပိုင် ​လွတ်လပ်တဲ့ ​ဆုံးဖြတ်ချက်ကို ​အကြီးအကျယ် ​ထိခိုက်စေတဲ့ ​အကြောင်း ​လူအခွင့်အရေး ​အဖွဲ့က ​ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ​လူမျိုးပေါင်းစုံ၊ ​ဘာသာပေါင်းစုံနေထိုင်ကြပြီး ​၈၉% ​လောက်က ​ဗုဒ္ဓဘာသာဝင်တွေ ​ဖြစ်ကြသလို ​ခရစ်ယာန်နဲ့ ​မွတ်ဆလင်တွေဟာ ​၄% ​လောက်စီ ​ရှိတယ်လို့ ​ခန်းမှန်းကြပါတယ်။

မျိုးစောင့် ​ဥပဒေနဲ့ ​ပတ်သက်ပြီး ​ဒါဟာ ​အမျိုးသမီးတွေရဲ့ ​အခွင့်အရေးနဲ့ ​လူ့အခွင့်အရေးကို ​ချိုးဖောက်တာ ​ဖြစ်ကြောင်း ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဋ္ဌ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောဆိုခဲ့ပါတယ်။

No comments: