ကျော်စိုးမိုး
မိုးရွာနေစဉ်ဖုန်းပြောရာမှ လျှပ်စစ်စီးဝင်ပြီး ဖုန်းပေါက်ကွဲကာ လူတစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု စက်တင် ဘာ ၂၆ ရက်၊ ညနေ ၅ နာရီဝန်းကျင်ခန့်က မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းဖြစ်ပွားခဲ့သည်ဟု မကွေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာတွင်နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုအောင်စိုးသည် မိုးရွာနေစဉ်တွင်လက်ကိုင်ဖုန်းပြော ရင်း လမ်းလျောက်ရာမှ လျှပ်စစ်စီးဝင်ပြီး ဖုန်းပေါက်ကွဲခဲ့ခြင်းဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။
ထိုသို့ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ကိုအောင်စိုးတွင် ၀ဲနားထင်သွေးယိုစီး ဒဏ်ရာ၊ ၀ဲနားရွက်ညိုမဲဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းများ တွင်ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊မဟုတ်စစ်ဆေးနိုင်ရန်လင်းကတောနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၄) ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment