Sunday, March 29, 2015

ဖွဲ့စည်းပုံပြင်ရေး ၊ ပြည်တွင်းငြိမ်း ချမ်းရေးများတွင် တပ်မတော် အင်အားစု များကို ဖိတ်ခေါ် သွားမည်ဟု NLD ဆို

နန်းမြင့်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး အပါအ၀င် တရားဥပဒေစိုးမိုးရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင်တပ်မတော် အင်အားစုများ ပူးပေါင်း ပါဝင်ခြင်းဖြင့်အောင်မြင်အောင်ဆောင်ရွက် သွားမည်ဟု မတ်လ ၂၇ ရက်တွင် ကျရောက်သောနှစ် ၇၀မြောက် ဖက်ဆစ်တော် လှန်ရေးနေ့ တွင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) ကကြေညာချက် ထုတ်ပြန် လိုက်သည်။

နှစ် ၇၀မြောက် ဖက်ဆစ်တော် လှန်ရေးနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်မြို့၊တော်ဝင်နှင်းဆီ တွင်ပြုလုပ်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါ အ၀င်နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား မျိုးနွယ်စုများ၊ ပြည်သူ များနှင့်အတူ မပြီးဆုံးသေးသော တရားဥပဒေ စိုးမိုးရေး၊ပြည်တွင်း ငြိမ်း ချမ်းရေးနှင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်ရေးကို တပ်မတော် အင်အားစုများ ပူးပေါင်း ပါဝင်ခြင်းဖြင့်အောင်မြင် သည်အထိဆောင်ရွက် သွားကြ မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို အလုပ် အမှုဆောင် ဦးထွန်းထွန်းဟိန်က'' ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ပါဝင်မယ်။ တပ်မတော်ကိုလည်း ဖိတ်ခေါ်တာဖြစ်တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်တာ တပ်မတော်မပါလို့မရဘဲ။ တပ်မတော်က ပါကိုပါရ တော့မယ်။ သူတို့ ပါမလာ ရင်ပါလာအောင် လုပ်ရမယ်'' ဟုပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်နှင့် ပတ်သက်၍ '' ခုချိန်မှာ ဒီမိုကရေစီရရှိရေး အတွက်ပြည်သူလူထုနှင့်တပ်မတော် လက်တွဲပြီးလုပ်ဖို့လိုပါတယ်။ကျွန်မတို့ဟာ အစဉ်တစိုက်မြန်မာနိုင်ငံနဲ့မြန်မာတပ်မတော်ကို ဂုဏသိက္ခာ ရှိရှိနဲ့ ရပ်တည်စေ ချင်တဲ့ အဖွဲ့ဖြစ်ပါတယ်။

ကျွန်မတို့ တပ်မတော်ဟာ အစကတည်းက ပြည်သူလူထုရဲ့ ရင်ခွင်ထဲ ကပေါက်ဖွား လာတဲ့ တပ်မတော်ပါ။ အမြဲလည်းပဲပြည် သူလူထု ရဲ့နွေးထွေးမှုကို ခံယူနိုင် မှသာလျှင် ဒီတပ်မတော် ထူထောင် ခဲ့တာဟု အကျိုး ရှိမှာဖြစ် ပါတယ်။ ဒါကြောင့် ကျွန်မ တို့ တပ်မတော် အနေနဲ့ ဒီမိုကရေစီ ရရှိရေး အတွက်ပြည်သူ လူထုရဲ့ အကျိုးမျော်ကိုးပြီးတော့ ကြိုးပမ်းသင့်တယ်''ဟု ထည့်သွင်း ပြောကြားထားသည်။

ယင်းအပြင်နိုင်ငံရေး သမားနှင့် လုံခြုံရေး တာဝန်ယူရသော တပ်မတော်ကြားတွင် နားလည်မှု ရှိရန် လိုပြီး နားလည်မှု ရှိရန်အတွက် အစဉ်တစိုက် ကြိုးစားနေ သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖက်ဆစ်များကို စတင် တိုက်ထုတ် သည့်နေ့ဖြစ်သော မတ်လ ၂၇ ရက်ကို တပ်မတော်နေ့ဟု အစိုးရ ကခေါ်ဝေါ် သုံးစွဲပြီး အတိုက်အခံ ပါတီဖြစ်သည့် NLD ကမူ ဖက်ဆစ်တော် လှန်ရေးနေ့နှစ် ပတ်လည်ဟု အထူးပြု သုံးစွဲခဲ့သည်။

NLD က ကျင်းပသောနှစ် ၇၀ပြည့် ဖက်ဆစ်တော် လှန်ရေးနေ့ အခမ်း အနားတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက '' ၂၀၁၅ခုနှစ်နှစ်ကုန် ဖက်သို့ တဖြေးဖြေး နီးကပ် လာသည်နှင့် အမျှနိုင်ငံမှာ စိန်ခေါ်မှုက တဖြေးဖြေးပြင်းထန် လာတယ်လို့ မှတ်ယူနေပါတယ်။ တိုင်းရင်းသားပြည်သူ အပေါင်းက လည်းစိတ်တ ထင့်ထင့်နဲ့ စိုးရိမ်ပူပန်သော ကကြီးထွား များပြား လျက်ရှိနေ ပါတယ်'' ဟုပြောသည်။

No comments: