Monday, May 4, 2015

ဒေါ်ဈေးမြင့်တက်မှုကြောင့် မြန်မာ့ပို့ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာနေ

နိုင်နိုင်ဇော်

ဒေါ်လာဈေး ဆက်တိုက်မြင့် တက်မှုကြောင့်မြန်မာ့ ပို့ကုန်ဈေးနှုန်းများ ပိုမိုမြင့် တက်လျှက် ရှိကြောင်း ပိုကုန် လုပ်ငန်းရှင်များ ကပြောသည်။

အမေရိကန်စီးပွားရေးနှင့် ဆက်စပ်နေ သည့်ဒေါ်လာတန်ဖိုး များမြင့်တက်နေ သလိုပြည်ပနိုင်ငံများ မှမြန်မာ့ထွက်ကုန် မှာယူမှုများ ပိုမိုတိုးပွား လာခြင်းကြောင့်ပြည်ပ ပိုကုန်ပစ္စည်း များဈေးနှုန်း ပိုမိုမြင့် တက် လာနေခြင်းဟု ပိုကုန် လုပ်ငန်းရှင်များ ကပြောသည်။

ပဲပို့ကုန်လုပ်ငန်းရှင်ဦးခင်ဟန်က “ဒေါ်လာငွေကြေး ဆက်တိုက်မြင့်တက်နေတော့ ဒီကပဲဈေးတွေလည်းဒီရက်တွေ မှာထောင်တက်နေတယ်၊ ဝယ်လက် အိန္ဒိယ ကလဲ ဆက်တိုက်အဝယ် ရှိနေတော့ပြည်ပ ပို့ကုန်ပဲဈေး ကွက်ကနှစ်စမှာအရမ်း ကိုကောင်းနေတယ်” ဟုပြောသည်။

မြန်မာ့ငွေကြေးဈေးကွက်တွင် ဗဟိုဘဏ် ၏ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၀၃၀ ဝန်းကျင် သာရှိနေသော်လည်းပြင်ပငွေလဲ စင်တာများနှင့် အပြင်ပေါက်ဈေးတွင် တစ်ဒေါ်လာ ၁၀၉၀ကျော် အထိ တဖြည်းဖြည်းမြင့်တက်လာနေသည်။

ထိုသို့ဒေါ်လာတန်ဖိုးမြင့်တက်မှု မှာမြန်မာ့ပို့ကုန် လုပ်ငန်းများအတွက် တွန်းအား တစ်ရပ်အဖြစ် ရှိနေသည်ဟု နယ်စပ်ပို့ကုန် လုပ်ငန်းရှင်များ ကပြောသည်။

ဒေါ်လာဈေးမြင့်တက်ချိန် နယ်စပ်ဝယ်လက်များ မှမြန်မာ့ စိုက်ပျိုးရေး ထွက်ကုန်များ ဆက်တိုက်ဝယ်ယူနေခြင်းကြောင့် နယ်မြေ မတည်ငြိမ်မှုများ အနည်းငယ် ရှိနေသော်လည်း မူဆယ် ၁၀၅ မိုင် ကုန်စည် စီးဆင်းမှု အားကောင်းနေဆဲ ဟုဒေသ အခြေစိုက်ပိုကုန် လုပ်ငန်းရှင်များ ကပြောသည်။

မူဆယ်အခြေစိုက်ဆန်ကုန်သည် ဦးအေးသိန်းက “နယ်မြေအခြေအနေလေးတွေ နည်းနည်းစိုးရိမ်နေပေမယ့် ဝယ်လက်လဲရှိတယ်၊ငွေကြေးဈေး (ယွမ်ဈေး )တွေလည်း တက် ဆန်ဈေးတွေလဲမြင့်တော့ ကုန်သည်တွေကတော့ ဒီရက်တွေမှာ ရသလောက်ပို့နေကြတာပဲ၊ ဒီလကုန်ပိုင်း မှာဆိုပေါင် ၁၁၀ ဆန်တစ်အိတ် ကို ၁၇၀၀၀ကျော်လောက်ရှိတယ်” ဟုဆိုသည်။

ထို့အတူ ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးကြင်း၊ ငါးမြစ်ချင်းများမှာလည်း ပြည်တွင်းဈေးနှုန်းများ တက်သလို၊ ပြည်ပဈေးနှုန်း များလည်း အမျိုးအစားလိုက် အနည်းငယ် တက်လာနေသည်ဟု ငါးလုပ်ငန်းတာဝန်ရှိ သူများကပြောဆိုသည်။ လက်ရှိအချိန်တွင် ငါးကြင်းတစ်ပိသာလျှင် ကျပ်ခြောက်ထောင် အထိဈေးနှုန်းမြင့်တက်နေသည်။

ဒေါ်လာဈေးမြင့်တက်နေသလို ပြင်နိုင်ငံများနှင့် ငွေပေးငွေယူရှင်းတန်းတွင် သွင်းကုန်အတွက် ငွေပို့ငွေလွှဲဆောင်ရွက်မှုများ ရှိနေခြင်းကြောင့်ငွေကြေးဈေး ကွက်အတွင်းဒေါ်လာ လိုအပ်မှုများ တိုးလာနေ သည်ဟု အဆိုပါ လုပ်ငန်းရှင်များ ကပြောသည်။

No comments: