Tuesday, April 7, 2009

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နယ်စပ်မြို့တွင် ပြည်သူ့စစ်သင်တန်းပေး

မိမွန်စွန်း

ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရား သုံးဆူမြို့နယ် တွင် အာဏာပိုင် တို့မှ ဦးဆောင်ကာ ပြည်သူ့စစ် သင်တန်း ပေးလျှက်ရှိပြီး သင်တန်းမှာ (၃) ပတ် ကြာမည်ဖြစ်သည်။ သင်တန်း ကို မတ်လ ၁၈ ရက်နေ့က စတင်ခဲ့ပြီး ဘုရားသုံဆူမြို့ အပြင်ဘက်ရှိ အမြောက်တပ် ၃၁၃ တွင် ပေးလျှက်ရှိသည်။

ပြည်သူ့စစ်သင်တန်းကို စုစုပေါင်း လူဦးရေး ( ၆၀) ခန့်တက်ရောက်ပြီး ဘုရားသုံဆူမြို့ရှိ အစိုးရ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင် စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်း၊ အရန်မီး သတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီး များ အဖွဲ့ချုပ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

“မနက်ပိုင်းမှာတော့ သင်တန်းတက်တဲ့သူတွေ မြို့ထဲမှာ အပြေးလေ့ကျင့် နေကြတယ်၊ အဲဒီအထဲမှာ အမျိုးသမီး ၅ ဦးလည်းပါတယ်၊ ဒီလူတွေက အစိုးရ ယုံကြည်ရတဲ့ သူတွေအဖြစ်နဲ့ အာဏာပိုင်တွေက စည်းရုံထားတယ် “ ဟု ဘုရားသုံးဆူမြို့ သူတစ်ဦးကပြောသည်။

ကြံ့ဖွံအသင်းသည် မြန်မာတစ်ပြည်လုံးတွင် အဖွဲ့ဝင်များစွာ ဖွဲ့စည်းထားပြီး လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှုဉ်ပြိုင်ရန် ကြိုးစား နေသော်လည်း တရားဝင်ကြေငြာထားခြင်း မရှိသေးပါ။

ဘုရာသုံးဆူမြို့တွင် ပြည်သူ့စစ်သင်တန်းပေးခြင်းသည် ယခုအကြိမ်တွင် ၄ ကြိမ်မြောက်ဖြစ်ပြီး ယခင်ကလည်း မြို့ပေါ်ရှိ အစိုးရ အဖွဲ့ ဝင်များကို ခေါ်ယူပြီး သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

“ဒီသင်တန်းတက်တဲ့ လူတွေကို အာဏာပိုင်တွေက သူတို့တွေရဲ့ စစ်သားတွေအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် စည်းရုံးထားတဲ့ လူတွေဖြစ်တယ်၊ သင်တန်းတက်တဲ့ အချိန်တွေမှာလည်း သူတို့က နေစရိတ် စားစရိတ်တွေအားလုံး ထောက်ပံ့ပေးတယ် “ ဟု ဘုရားသုံးဆူ မယက နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူ ဒေသခံတချို့ ပြောတာက ပြည်သူ့စစ်သင်တန်းမှာ DKBA နှင့် KPF စစ်သားတွေလည်းပါဝင်ပြီး သူတို့ကို နယ်ခြား စော့င် တပ် အဖြစ် ထားရှိရန် သတင်းများ ထွက်ပေါ်နေသည်။

ပြည်သူ့စစ်သင်တန်းမှာ သင်တန်းသား ၅ ဦးထဲတွင် DKBA နှင့် KPF စစ်သား ၃ ယောက်ပါဝင်သည်ဟု ဘုရားသုံးဆူမြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တစ်ဦး၏အဆိုရ “ ဘုရားသုံးဆူမှာ ပြည်သူ့စစ်သင်တန်းအတွက် လူတွေကို စုဆောင်းနေတာကိုတော့ ကြား တယ်၊ ဒါပေမဲ့ DKBA နှင့် KPF စစ်သားတွေ ပါမပါဆိုတာကိုတော့ သေသေချာချာမသိဘူး” ဟု ပြောသည်။

No comments: