ဗညာဟံသာ
နှစ်ပေါင်း ၂၀ ကျော် စောင့်မျှော်ပြီးနောက်ကျွန်ုပ်တို့ မြန်မာပြည်အနှံ့ နိုင်ငံရေးလွှဲပေးမှု မပေါ်ပေါက်ခဲ့ချေ။ နိုင်ငံရေး ခေါင်းဆောင် အသီး သီးတို့က အမျိုးမျိုးအဖုံဖုံ ကြိုးစားသော်လည်း လက်စမပေါ်သေး၊ အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို အဖက်ဖက်က သည်းခံ စောင့်စည်းသော်လည်း ဘာမျှအဖတ်မတင်သေး၊ နှစ်ပေါင်း ၂၀ ၀င်လာပြီးနောက် တပ်မတော် ဦးဆောင်သော စစ်အစိုးရက နည်းမျိုးစုံလှည့်ပတ်ပြီး တိုင်းပြည်အာဏာကို ဆက်လက်ဆုပ် ကိုင်ထားလျှက်ရှိပေသည်။
ပြည်ပဖိအားပေးမှု၊ အကြပ်ကိုင်မှု ခြိမ်းခြောက်မှုနှင့် ပြည်တွင်းအုံ ကြွ၊ သပိတ်မှောက်ဆန္ဒပြမှု၊ သံဃာဦးဆောင်သော ငြိမ်းချမ်းရေး တောင်းဆိုမှု၊ ကျောင်းသားဦး ဆောင်သော တိုင်းပြည်အကြပ်အတည်းမှ ကျော်လွှားရန် ယာယီအစိုးရ ဖွဲ့စည်းပေးမှု စသော တောင်းဆိုချက် လှုပ်ရှားမှုများသည်လည်း အောင်မြင်မှု မရှိခဲ့ချေ၊ ဤအရေးအကြောင်းကို နိုင် ငံရေးအသိပညာရှင်နှင့် လေ့လာသူ အကြံပေးသူတွေက ခေါင်းခြောက်လာကြပြီး ဘာဆက် လုပ်ရမည်နည်း စသော မေးခွန်းများ ပေါ်လာပေပြီ။ ဒါ့ကြောင့် ဤဆောင်းပါးသည် ဆေးမီးတို တစ်ခွက်ပမာ တိုက်ဆေးဖြစ်လိမ့်မည်ဟု မျှော်လင့်ရပေသည်။
ကျွန်ုပ်တို့ မြန်မာပြည် အသွင်ကူးပြောင်းရေးကာလကို ကုလသမဂ္ဂမှ ကြီးမှူးကျင်းပသော တွေ့ ဆုံဆွေးနွေးပွဲကို ၁၉၉၄ အထွေထွေ ညီလာခံမှ တင်းကျပ်မှုမရှိသော အထွေထွေဆုံးဖြတ်ချက် နှင့် ချမှတ်ခဲ့သည်။ တပ်မတော်မှ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအဖွဲ့အစီးမှ ကိုယ်စားလှယ် များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ကုလသမဂ္ဂက တိုက်တွန်း ခဲ့သည်။ ဤတိုက်တွန်းချက်များနှင့် အထွေထွေဆုံးဖြတ်ချက်များကို အကောင်အထည်ဖေါ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် (အထူး သံတမန်)များလည်း ၁၂ နှစ်ကျော် မြန်မာပြည်ကို ၀င်လိုက်ထွက်လိုက်နှင့် သံသရာလည်ခဲ့ သည်။ တပ်မတော်စစ်ဦးစီးချုပ်ကို တာဝန်ကျေ ၀တ်ကျေ၊ တန်းကျေတွေ့ခွင့်ပေးပြီး ဒေါ်အောင် ဆန်းဆုကြည်ကိုလည်း ၀တ်ကျေတန်းကျေ တွေ့ခွင့်ပေးခဲ့သည်။ သို့သော် တိကျသော ပြုပြင် ပြောင်းလဲမှု မပေါ်ပေါက်ချေ။ နိုင်ငံရေးခေါင်းဆောင်များလည်း အိမ်နှင့်ထောင်၊ ထောင်နှင့်အိမ် ထမင်းငတ်မလောက်တောင် အဖိနှိပ်ခံခဲ့ရသည်။ ကျောင်းသားခေါင်းဆောင်များလည်း ရိုက် နှက် ထောင်ချခံခဲ့ကြရသည်။
ယုံကြည်မှုတည်ဆောက်ရေး၊ အချင်းချင်းအပြန်အလှန်သင့်မြတ်ရေး၊ တန်းတူရေး၊ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ရယူရေး၊ စစ်မှန်သော စစ်မှန်သော ဒီမိုကရေစီစနစ် ထွန်းကားရေး၊ စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသော လုပ်ငန်းများတွင် နှစ်ပေါင်း ၂၀ ကျော်ကြိုးပမ်းလာပြီးနောက် ၂၀၁၀ တွင် တဖန် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စစ်အစိုး ရက စီစဉ်လျှက်ရှိသည်။ ဤရွေးကောက်ပွဲတွင် နှစ်ပေါင်း ၂၀ ကျော် တောင်းဆို တိုက်ပွဲဝင် လာသော နိုင်ငံရေး ရည်မှန်းချက်များ ဘယ်လောက် အောင်မြင်မည်နည်း။
ယခုလအတောအတွင်း အမေရိကန်နိုင်ငံခြားရေး အတွင်းရေးမှူးချုပ် Hillary Rodham Clinton က မြန်မာ့အရေးကို နည်းသစ် လမ်းသစ် ရှာဖွေဆက်ဆံသွားရေးနှင့် ဖိအားပေးရေးကို သူမ၏ နိုင်ငံခြားခရီး ဂျပန်နိုင်ငံအရောက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဤတွင်လည်း မြန်မာပြည် ရှိ နိုင်ငံရေး လေ့လာသူများက တဖန်မျှော်ကိုးပြီး တွေးတောလာတတ်ကြသည်။ တွေ့ဆုံဆွေးနွေးရေးကို အလေးပေးသော နိုင်ငံရေးခေါင်းဆောင်များက ပျော့ပျောင်းရေးလမ်း စဉ်ကို ဆုပ်ကိုင်ထားကြသည်။ သို့သော် ဖိအားပေးမှုနှင့် အကြပ်ကိုမှုကို အလေး ပေးသော ခေါင်းဆောင်အချို့က ပြည်ပဖိအားပေးမှုကို ထပ်ခါထပ်ခါ တောင်းဆိုလာခဲ့ကြသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်းက မြန်မာပြည်ကို သိမ်းသွင်းပြီး တဆင့်မှတဆင့် ပြုပြင် ပြောင်းလဲရန် အကြပ်ကိုင်သောနည်းဖြင့် ပြုမူဆက်ဆံပြောဆိုတိုက်တွန်းလာခဲ့သည်။ ၁၉၉၇ မှ ၂၀၀၈ ယနေ့တိုင်အောင် ၁၀ နှစ်အဖွဲ့ဝင်ဖြစ်ပြီးနောက် န၀တ၊ နအဖ စစ်ခေါင်းဆောင်များကို ပရိယာယ်ပေါင်း၊ နည်းပေါင်းများစွာ သိမ်းသွင်းဆက်ဆံခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဤ သက်သေကြီး များကို ထောက်ရှုခြင်းအားဖြင့် မြန်မာပြည်တွင်း သုံးပွင့်ဆိုင်ဆွေးနွေးရေး ပေါ် ပေါက်ရန် ကြိုးစားမှုသည် ၁၀-၁၅ နှစ်အတောအတွင်း မအောင်မြင်ခဲ့သည်ကို လက်တွေ့ကျကျ သဘောပေါက်ရပေသည်။ သို့ဆိုလျှင် အခြေခံကျသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ပထမ အဆင့် စတင်ရန် ၂ ပွင့်ဆိုင်မှ စတင်ပြီး အဖြေရှာရန် ဘာ့ကြောင့် ကျွန်ုပ်တို့ ခေတ်သစ်မြန်မာ နိုင်ငံရေးခေါင်းဆောင်များက တွန့်ဆုတ်နေကြသလဲ?
စစ်အာဏာရှင်သည် နှစ်ပေါင်း ၂၀ ကျော် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးနောက် အလွယ်တကူနှင့် နိုင်ငံတော်အာဏာကို အရပ်သား အစိုးရ လက်ထဲတွင် အပ်နှံရန် အမှုမဲ့အမှတ်မဲ့ လွှဲလိမ့်မည် မ ဟုတ်ချေ၊ ထို့ကြောင့် နအဖ စစ်ဗိုလ်ကြီးများ ယုံကြည်လောက်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုကို လက်တွေ့ကျကျ ရေးသားပြီး ဆွေးနွေးပွဲတွင် တင်ပြရန် အရေးပါလာပြီ။
ရန်ကုန်မြို့ပေါ်ရှိ ၀ါရင့်နိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များက လက် နက်ကိုင်သော အဖွဲ့အစည်းများတို့၏ ယုံကြည်မှုကို ရယူပြီး နအဖ စိတ်ချယုံကြည်သော တွေ့ ဆုံဆွေးနွေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် အရေးကြီးသည်။ ဤတွေ့ဆုံဆွေးနွေးရေး ကော်မရှင်သည် အဆင့်ဆင့်အားဖြင့် မည်သည့်အချက်အလက်များ ပဏာမဆွေးနွေးရန် နှစ် ဖက်သုံးဖက် တိုင်ပင်ပြီး လုပ်ငန်းစရပေမည်။
မိမိ၏ ပါတီနိုင်ငံရေးခံယူချက်ကြောင့် အဆမတန် အာဏာရယူရေး တောင်းဆိုမှု၊ မိမိတို့၏ တိုင်းရင်းသား သမိုင်းကြောင့် မလျော်ညီသော နယ်မြေခွဲဝေတောင်းဆိုမှု စသော ယုတ္တိမတန် သော တောင်းဆိုမှုများကို သတိထားရှောင်ဖယ်သင့်သည်။ နအဖတွင်လည်း အာဏာ တည်မြဲ ရေးထက် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ်အစိုးရတွင် လွတ်လပ်သော အုပ် ချုပ်မှုအာဏာ အတော်အတန် ခွဲ ဝေပေးရန် လိုက်လျောရပေမည်။
နှစ်ပေါင်း ၂၀ ကျော် အငြင်းပွားမှုနှင့် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ် အဆုံးသတ်ရေးအ တွက် ဗမာနှင့် ဗမာ ပဏာမ စကားပြော ကြပါ။ ဒုတိယအဆင့်အဖြစ် ဗမာနှင့် တိုင်းရင်းသား စကားပြောကြပါ။ တတိယအဆင့်အဖြစ် စစ်တပ်နှင့် လုပ်သားဗမာတို့နှင့် တိုင်းရင်းသား ခေါင်း ဆောင်များ တွေ့ဆုံလျှင် ရက်ပေါင်း (၁၀၁၀) အတွင်း မြန်မာပြည် ပြောင်းလဲလာပေမည်။
No comments:
Post a Comment