Saturday, April 4, 2009

ထိုင်း - သျှမ်းနယ်စပ် မိုးသီးခဲကြီးရွာ အိမ်အမိုးနှင့် ခြံစိုက်ဟင်းသီး ဟင်းရွက်ပျက်စီး

သျှမ်းသံတော်ဆင့်

“မိုင်းတုံမှာ မိုးသီးအရမ်းကြီးတယ်။ ကနစိုသီး နီးနီး လောက်ရှိ တယ်။ ၁၀ မိနစ်လောက်ဘဲ ကျလို့တော်သေး တာပေါ့။ နားကောင်းမူးဘက်မှာတော့ အဲလောက်မကြီးဘူး၊ ဒါပေမယ့် အကြာကြီးကျတယ်” ဟု မိုင်းတုံမြို့ခံ တဦးက သျှမ်းသံတော်ဆင့် ကိုပြောပြသည်။

ပုံပါကျင် တွင်မူ မိုးရွာ သွန်းချိန်ကြာ သော်လည်း မိုးသီး မပါရှိသောကြောင့် အပျက်အစီး တစုံတရာမှ မရှိကြောင်း၊ သို့သော် မတ်ခ်ျ ၂၀ ရက်က စတင် ကျင်းပ သည့်ရှင်ပြုပွဲမှ ရှင်လောင်းမဏ္ဍပ် ၄ ခု လေပြင်း တိုက်ခတ်မှုကြောင့် ယိုင်ကျသွား ပြီး သုခ၀ိဟာရကျောင်းတိုက်က ဇရပ်ကြီး တဆောင်၏ အမိုးများလွှင့်ထွက်ကုန်ကြောင်း ပုံပါကျင် ဒေသခံတဦး ကလည်း ဆိုသည်။

ထိုင်းနိုင်ငံမြောက်ဘက်ခြမ်း သျှမ်းနယ်စပ် ဖှန်မြို့နေ သျှမ်းအမျိုးသားတဦးက - “ကျနော်တို့ဘက်မှာ မိုးသီး အရမ်း ကြီးတယ်။ ထိုင်းလိမ္မော်သီးလောက်ရှိမယ် ထင်တာဘဲ။ သွပ်မိုးတွေတောင် ပေါက်ဗြဲကုန်တယ်၊ အပြင်သွားရင် ဆိုင်ကယ်ဦးထုပ် ကောက်ဆောင်းရတဲ့အဆင့်၊ တိရိစ္ဆာန်/လူအသေပျောက်တော့ မကြားရဘူး” - ဟုဆို၏။

ထိုင်း TV ထုတ်လွှင့်ချက်အရ ဖှန်မြို့နယ် ကျေးရွာ ၁၇ ခု မှ အုပ်ကျွတ်မိုးအိမ်ခြေ အလုံး ၄၀၀၀ ကျော်ပျက်စီးကြောင်း၊ သရက်၊ လိမ္မော် စိုက်ပျိုးရေးခြံများ၌ အဖူးအပွင့်များ ကြွေလွှင့်ပျက်စီးကုန်ကြောင်း - ဆိုပါသည်။

ဧပြီလဆန်း ၁ ရက်နေ့ ညနေပိုင်း၌ မိုးသံ လေသံမကြားရဘဲ ရုတ်တရက် မိုးသီးခဲကြီးပြင်းထန်စွာရွာကျပြီးမှ မိုးရွာသည်ဟု ဒေသခံများကပြောသည်။

No comments: