Tuesday, April 28, 2009

စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ့မည်

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ ဧပြီလ 28 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်ဗိုလ် များပြား လွန်းနေ သည့် မြန်မာ့ တပ်မတော် အတွင်း နေရာအပြောင်း အရွှေ့ ချောမွေ့ စေရန် ပြည် ၃ လုံး အစီအစဉ် တခုကို စစ်အစိုးရ က မကြာမီတွင် လုပ်ဆောင်လာ မည်ဟု တပ်တွင်း သတင်း ရပ်ကွက်များ အရ သိရသည်။


အသက် ၃၆ နှစ်အထိ ဗိုလ်ကြီးအဆင့်သာ ရှိသေးသော အရာရှိငယ်များကို ပြည် ၃ လုံး အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ပြည်စောင့်ရဲနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအောက်သို့ လွှဲပို့မည် ဖြစ်သည်။

စစ်တပ်မှ ကြံ့ခိုင်ရေးသို့ ပြောင်းရွှေ့လာသူများ အနေဖြင့် မြို့နယ်အဆင့် အရာရှိရမည် ဖြစ်ပြီး ပြည်စောင့်ရဲဘက်သို့ ပြောင်းရွှေ့လာသူများ ကို ပါလီမန် အဆောက်အဦများ၊ အစိုးရ ရုံးများကဲ့သို့သော လုံခြုံရေးအတွက် ရဲအရာရှိများ ဖြစ်လာမည် ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီး ဌာနအောက်တွင်တော့ ရဲဖွဲ့စည်းပုံအတိုင်း ကူးပြောင်းပေးမည် ဖြစ်သည်။

No comments: