Thursday, October 20, 2011

ဒီ​ကေဘီ​အေက အစိုး​ရတပ်ကို ဆွဲမိုင်း​စစ်ဆင်​ရေး​ဖြင့်​ တိုက်ခိုက်

မန်းစိုင်းမွန်

ကရင်ပြည်နယ် လှိုင်း​ဘွဲမြို့​နယ်မှာ အစိုး​ရစစ်​ကြောင်း​တခုကို ဒီ​ကေဘီ​အေတပ်က ဒီက​နေ့​ မနက်ပိုင်း​မှာ ဆွဲမိုင်း​တွေနဲ့​တိုက်ခိုက်ခဲ့​ပါတယ်။

ဒီ​​ကေဘီအေ ​ခေါ် တိုး​တက်​သောဗုဒ္ဒဘာသာကရင်အမျိုး​သား​တပ်မ​တော်က အစိုး​ရတပ် ခမရ ၂၀၅ ရဲ့​ စစ်​ကြောင်း​တခုကို ဆွဲမိုင်း​နဲ့​ တိုက်ခိုက်မှုဟာ ချိုကလီး​ဒေသ ခွီး​တာအယ် ရွာအနီး​မှာ ဖြစ်ပွား​ခဲ့​တာပါ။

တိုက်ပွဲအ​ကြောင်း​ကို ဒီ​ကေဘီ​အေအဖွဲ့​မှ ဗိုလ်မှူး​စန်း​အောင်က “ဒီမနက်ဘဲ ခွီး​တာအယ်ရွာထိတ်မှာ ရန်သူက ​ဝေါ်​လေဘက်ကို ချီတက်လာတဲ့​အချိန်မှာ ကျ​နောတို့​မိုင်း​စစ်ဆင်​ရေး​နဲ့​တိုက်ခိုက်တယ်။ အဲဒီမှာ အ​သေအ​ပျောက်​တော့​ မသိရ​သေး​ဘူး​” လို့​ ​ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်​နေ့​ မနက်ပိုင်း​မှာလည်း​ ဒီ​အေဘီ​ကေက အစိုး​ရတပ် ခမရ ၂၀၃ တပ်ရင်း​ကို ​တောင်နီတံတား​ထိတ်မှာ ဆွဲမိုင်း​စစ်ဆင်​ရေး​နဲ့​ တိုက်ခိုက်ခဲ့​လို့​အစိုး​ရတပ်သား​တချို့​ ဒဏ်ရာရ ​သေဆုံး​မှုရှိ​ကြောင်း​ ဗိုလ်မှူး​စန်း​အောင်က ​ပြောပါတယ်။

“သူတို့​ဘက်က အထိနာပြီး​တော့​ မိနစ် ၃၀ ​လောက် လက်နက်ကြီး​ လက်နက်ငယ်​တွေနဲ့​ပြန်ပစ်ခတ်တယ်။ ​ပြောင်း​ခင်း​ရဲ့​တဲနား​မှာ ရွာသား​တဦး​ ဒဏ်ရာရသွား​တယ်။ သူက လက်ရှိ မဲ​ဆောက်​ဆေး​ရုံမှာ ​ရောက်​နေတယ်။ ရန်သူဘက်က ၅ ဦး​ ဒဏ်ရာရပြီး​ ၁ ဦး​ ကျဆုံး​တယ်လို့​သိရတယ်။”

အဲဒီ​နေ့​ မနက် ၆ နာရီခွဲ​လောက်မှာ မြဝတီအထက် မိုင် ၁၀၀ ​လောက်မှာရှိတဲ့​ ​သောင်ရင်း​မြစ်ကမ်း​ မယ်သ​ဝေါမြို့​နယ်အနား​က ဒီ​အေဘီ​ကေရဲ့​ကော်ထစခန်း​ကို အစိုး​ရတပ်က စက်​လှေနဲ့​မောင်း​ပြီး​ ပစ်ခတ်ခဲ့​တယ်လို့​ ဗိုလ်မှူး​စန်း​အောင်က ​ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက် ကလည်း​ ​ကေအန်ယူ/​ကေအန်အယ်လ်​အေ တပ်မဟာ ၇ က အစိုး​ရတပ်​တွေကို ​ပြောက်ကျား​စနစ်နဲ့​ သုံး​ကြိမ်တိုက်ခိုက်ခဲ့​ရာမှာ အစိုး​ရတပ်ဘက်က ၄ ဦး​ ကျဆုံး​ပြီး​ ၅ ဦး​ ဒဏ်ရာရတယ်လို့​ ကြား​သိရ​ကြောင်း​ ​ကေအန်ယူ တပ်မဟာ ရ က တပ်​ရေး​ဗိုလ် ဗိုလ်မှူး​ အဲ့​ဆဲဆဲက ​ပြောပါတယ်။

No comments: