Friday, October 21, 2011

ကချင်ရွာသား ၂ ဦးအား မြန်မာစစ်သားများ ပစ်သတ်

KNG


အောက်တိုဘာ ၁၇ ရက်က ၀ိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီး လိုင်လွမ်(Lai Lum) လီဆူရွာမှ အပြစ်မဲ့ ကချင် ရွာသား နှစ်ဦးအား မြန်မာစစ်သားများ ပစ်သတ်ခဲ့ကြောင်း ရွာသားများပြောသည်။

အသက် ၃၀ နှစ် ဦးလဆန်ယော်နှင့် ဦးလဆန်ဂမ် တို့အား ဒေါ့ဖုန်းယန်အခြေစိုက် မြန်မာစစ်တပ် ခမရ (၄၃၈)နှင့် ဆင်ဘိုအခြေစိုက် ခလရ (၁၄၁) တို့မှ စစ်သားများ ပစ်သတ်ခြင်းဖြစ်သည်ဟု ရွာသားများဆိုသည်။

ထို့အပြင် ယင်းမြန်မာစစ်သားများသည် ရွာထဲရှိ ကျွဲထီး (၈) ကောင်၊ ကျွဲမ (၂) ကောင်နှင့် နွား (၂) ကောင်ကိုလည်း သေနတ်ဖြင့်ရမ်းပြီး သတ်ပစ်ကာ ရွာသားများ၏ နေအိမ်များကိုလည်း မီးရှု ဖျက်ဆီးခဲ့သည်ဟု မျက်မြင်သက်သေများ ဆက်ဆိုသည်။

ပြီးခဲ့သည့် ဇွန်လမှ စစ်မြေပြင်ဖြစ်လာသော နမ်ဆန်ယန်ကျေးရွာ (Nam San Yang) သည် တရုတ်နယ်စပ်ရှိ KIA ဗဟိုဌာနချုပ် လိုင်ဇာနှင့် မိုင်အနည်းငယ်အကွာတွင် တည်ရှိပါသည်။

No comments: