Monday, November 25, 2013

ထိုင်းဘုရင့် ကိုယ်စား ထိုင်းဘုရင့် တပ်မတော် လာရောက်လှူဒါန်း

ဝင်းစိန်


မကျန်းမမာ ဖြစ်နေသည့် ထိုင်း ဘုရင်မင်းမြတ် သည် ၎င်းအား မွန်ပြည်နယ် မုဒုံမြို့နယ် ၀င်းစိန် တောရကျောင်း၊ ၀င်းစိန် ဆရာတော်ကြီးက လာရောက် ကုသ ပေးကြောင်း (၃) ကြိမ်တိုင်တိုင် အိပ်မက် မြင်မက် ပြီးနောက် ရောဂါ ဝေဒနာများ ပျောက်ကင်းခဲ့ရသည်။

ထိုင်း ဘုရင့်တပ်မတော် အကြီးအကဲများ ကို စေလွှတ်၍ နိုဝင်ဘာ (၁၅) ရက်တွင် ၀င်းစိန် ဆရာတော်ကြီးထံ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အပြင် ဆရာတော်ကြီး ၏ သာသနာပြု လုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းဘုရင့် နန်းသုံးပစ္စည်းများ၊ ကျောက်မျက် ရတနာများ စသည့် နန်းစဉ်သုံး ပစ္စည်းအမျိုး ငါးဆယ်နှင့် ဘတ်ငွေ (၂၅) သိန်းကို လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

ဝင်းစိန် တောရ သာသနာ ပြုစခန်းရှိ လျောင်းတော်မူ ဆင်းတုတော်မှာ အတောင် (၄၀၀) ရှိပြီး လက်ရှိ အချိန်တွင် ကမ္ဘာ့ အကြီးဆုံး လျောင်းတော်မူ ရုပ်ပွား တော်ဖြစ်ပြီး အတောင် (၆၀၀) ရှိ လျောင်းတော်မူ ရုပ်ပွားတော် တစ်ဆူကိုလည်း ထပ်မံ တည်ထား လျက်ရှိသည်။

No comments: