သီဟကိုကို
မုတ္တမကမ်းလွန်နှင့် တနင်္သာရီကမ်းလွန်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် ခြောက်ခုတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြား ကုမ္ပဏီ လေးခုကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်မှ မတ်လ ၂၀ ရက်က ပြုလုပ်ခဲ့သော အစည်းအဝေး၌ ခွင့်ပြုခဲ့သည်။
မွန်ပြည်နယ်၊ မုတ္တမကမ်းလွန် လုပ်ကွက် M-7 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရန် ROC Oil (Myanmar) Pte, Ltd (Singapore)၊ The Energy (Singapore)၊ Smart E&P International Company (Myanmar) ကို လုပ်ကိုင်ခွင့် ပေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီကမ်းလွန်လုပ်ကွက် M-15 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် TRG M15 (Singapore)၊ CPG Energy (Singapore) ၊ Century Bright Gold (Myanmar) ကို ခွင့်ပြုခဲ့သည်။
တနင်္သာရီ ကမ်းလွန်လုပ်ကွက် M-17 ၊ M-18 လုပ်ကွက်နှစ်ခုတွင် ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေ၊ တူးဖော် ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန် Reliance Industries (India) ၊ United National Resources Company (Myanmar) တို့ကို ခွင့်ပြုချက် ချထားပေးခဲ့သည်။
မုတ္တမကမ်းလွန် ရေနက်ပိုင်းလုပ်ကွက်MD-3 နှင့် တနင်္သာရီ ရေနက်ပိုင်းလုပ်ကွက် MD-4 တွင် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် Eno Myanmar B.V (The Netherland) ၊ Petrovietnam Exploration Production (Vietnam) ကို လုပ်ကိုင်ခွင့် ပြုခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်လည်း ရခိုင်ကမ်းလွန်ရှိ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် လေးကွက်ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် BG ၊ Woodside Energy ၊ Myanmar Petroleum ကုမ္ပဏီတို့ကို ခွင့်ပြုပေးခဲ့သည်။
No comments:
Post a Comment