Monday, March 2, 2015

မြိတ်တွင် ငှက်သိုက် မွေးမြူသူများလာ၍ ဈေးနှုန်းထက်ဝက်ကျော် အထိ ကျဆင်းလာ

ထင်လင်းအောင်

မြိတ်မြို့တွင်ဇီဝဇိုး ငှက်မွေးမြူသူများလာ၍ ငှက်သိုက်ရရှိမှုနည်းပါးလာ ကာဈေးနှုန်းများ ထက်ဝက်ကျော် အထိ ကျဆင်းလာ ခဲ့သည်ဟု မြိတ်မြို့၏ ပထ မဆုံး ဇီဝဇိုးငှက်မွေးမြူခဲ့သည့် သဘာဝ ငှက်သိုက်အိမ်မှ မတင်ဇာအောင်က မီဒီယာများ ကိုပြောကြား လိုက်သည်။

ထိုသို့မွေးမြူသူများ လာသဖြင့် ဇီဝဇိုး ငှက်မွေးမြူ သူများ၏ တစ်ဦးချင်း ငှက်သိုက် ရရှိမှုများ ကျဆင်းလာသည့် အပြင်ရောင်းချ သူများလာနေ သဖြင့်ဈေးနှုန်း များလည်း ကျ ဆင်းလာသည်ဟု ၄င်းက ဖေဖော်ဝါရီ ၂၃ ရက် က မီဒီယာများ ကိုပြောခြင်းဖြစ် သည်။ ၂ဝဝ၅ ခုနှစ်ဝန်း ကျင်တွင် ဇီဝဇိုး ငှက်သိုက် များ၏ တစ်ပိဿာဈေးနှုန်း သည် ကျပ် သိန်း ၄ဝ ခန့်အထိ ရရှိခဲ့ခြင်းဖြစ် ကာယခု ၂ဝ၁၅ ခုနှစ်တွင် ကျပ် ၁၅ သိန်းဈေးသာ ရရှိတော့ သည်ဟုလည်း ၄င်းက ဆက် လက်ပြောသည်။

သဘာဝငှက်သိုက်အိမ်မှ မတင်ဇာအောင်က ''အရင်တုန်းက မြိတ်မှာ ကျွန်မတို့တစ်အိမ်သာ သဘာဝအလျောက် ငှက်သိုက် (ဇီဝဇိုးငှက်) ဝင်ခဲ့တာပါ။ အခုကျတော့ စက် နဲ့ခေါ်တဲ့အိမ်တွေ များလာတဲ့ အတွက်ငှက် အဝင်ကျဆင်း လာသလို ငှက်သိုက် ရတာလည်း နည်းသွား တယ်။ဈေး ကလည်း အများကြီးကျ သွားတယ်''ဟု မီဒီယာ များကို ရှင်းပြသည်။

ယခင်က မြိတ်မြို့တွင် ဇီဝဇိုး ငှက်များ သည် အိမ်တွင် သဘာဝအလျောက် ဝင်ရောက်နေရာမှ ရရှိသည့် သဘာဝ အိမ်ငှက်သိုက်နှင့် ကျွန်းများတွင် သဘာဝ အလျောက်နေ ထိုင်ခြင်း မှရရှိသည့် ကျွန်းငှက် သိုက်နှစ် မျိုးသာရှိ ခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၅ ခုနှစ် ဝန်းကျင်မှ စတင်ကာ ငှက်ခေါ်စက် (ဇီဝဇိုး ငှက်များ၏ အသံကို ထည့်သွင်း ထားသော အသံထုတ် လွှင့်စနစ်) များဖြင့်မွေးမြူ သူများလာခြင်းဖြစ် သည်ဟု ဆက်လက်ပြောသည်။

ငှက်သိုက်ခွာယူရာ တွင်မွေးမြူသူများ သည်လေးလ တစ်ကြိမ်နှုန်းဖြင့် ငှက်သိုက် ခွာယူခြင်းဖြစ်ရာ တစ်နှစ် လျှင်သုံးကြိမ်အ သိုက်ခွာယူကြခြင်းဖြစ်သည်ဟု ဆိုသည်။ ငှက် သိုက်ရ ရှိမှုများ တွင်လည်း ယခင်က တစ်နှစ် ကို ပျမ်းမျှအားဖြင့် ခုနစ်ပိဿာမှ ရှစ်ပိဿာ အထိ ရရှိခဲ့ရာမှ ယခုအခါ တစ်နှစ် လျှင်လေး ပိဿာမှ ငါးပိဿာဝန်း ကျင်သာ ရ ရှိတော့သည်ဟု ဆက်လက်ပြော သည်။

ငှက်ခေါ်စက်ဖြင့် မွေးမြူသည့် သဲကျွန်း ငှက်သိုက်အိမ်မှ မခင်လေးက ''ဈေးကျလာ တာနှစ်နှစ်လောက်ရှိ ပြီ။အခုဈေးက လည်း တစ်ပိဿာကိုကျပ် ၁ဝ သိန်းကျော်လောက် ပဲ ရတော့တယ်။ ကျွန်မတို့က ငှက်သိုက်အိမ် သုံးအိမ် ရှိတယ်။ သုံးအိမ် စလုံးပေါင်းကို သုံးလ တစ်ကြိမ် ခွာယူတာ ကိုးပိဿာ၊ ၁ဝ ပိဿာလောက် ပဲရတယ်'' ဟုပြောသည်။

လက်ရှိတွင် မြိတ်မြို့၌ ငှက်ခေါ်စက်ဖြင့် မွေးမြူသည့် အိမ်အရေအတွက်မှာ ၇ဝ ကျော်အထိ ရှိလာခြင်းဖြစ် သည်။ ထို့အတူ ဘုတ်ပြင်းမြို့နယ်တွင် ငှက်ခေါ်စက် များဖြင့်မွေး မြူအောင်မြင် မှုများလည်း ရှိလာနေသည် ဟုဘုတ်ပြင်း မြို့နယ်ဒေသခံတစ် ဦး ကပြောသည်။

ဇီဝဇိုး ငှက်မွေးမြူ သူများနှင့် သဘာဝ အလျောက် ဝင်ရောက်မှု နှစ်မျိုးစလုံး၌ ငှက်သိုက်များ ကိုလေးလတစ် ကြိမ်ဖြင့်ခွာယူ ကြခြင်းဖြစ်သည်။ ထိုသို့ ဇီဝဇိုးငှက်ခေါ် စက် များဖြင့် ငှက်ခေါ်မှုများလာခြင်းသည် ငှက်ပြုန်း တီးမှု အန္တရာယ် အတွက်လည်း စိုးရိမ်ရသည့် အနေအထား ရှိလာသည်ဟု ၄င်းက ဆိုသည်။

No comments: