Mizzima
မြန်မာအစိုးရက ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် အရေးပါသည့် ပြည်သူ့အကြံပြုချက်များကို ထည့်သွင်းမစဉ်းစားခြင်းက နိုင်ငံ၏ လူအခွင့်အရေးတွင် နက်နက်ရှိုင်းရှိုင်း သက်ရောက်လာနိုင်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မတ် ၂၆ ရက်၌ ပြောသည်။
အစိုးရက ပြည်သူ့ထင်မြင်ချက်များ လက်ခံရန် မတ် ၂၆ ရက် သတ်မှတ်ထားခြင်းကို ထပ်မံသက်တမ်း တိုးသင့်ပြီး လွှတ်တော်သို့ ဥပဒေကြမ်းမတင်မီ လူမှုအဖွဲ့အစည်းများမှ အကြံပြုချက်များကို ထည့်သွင်းစဉ်း စားသင့်သည်ဟု ဆိုသည်။
”ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်က ကမ္ဘာစီးပွားရေးနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ပြန်လည် ဆွဲဆောင်နိုင်ရေး အစိုးရ အားထုတ်မှုရဲ့ တရားရေးအုတ်မြစ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အစိုးရရဲ့ ပြည်သူအကြံပြု ဆွေးနွေးညှိနှိုင်းမှုကတော့ အလွန်ကို အားနည်း လိုအပ်နေပါသေးတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်း အကြီးတန်းရှေ့နေ ဂျက်စီကာအီဗန်က ပြောသည်။
”ဒါကို သေချာဂရုစိုက်ပြီး မလုပ်ခဲ့ရင် ဒီဥပဒေက အစိုးရက လူအခွင့်အရေးကို ကာကွယ်ဖို့နဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေက ကာကွယ်ဖို့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ဖို့ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။
လွတ်လပ်သည့် အုပ်စုများ၏ အကြံပြုချက် အနည်းငယ် ရှိနေသော်လည်း အဓိက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များတွင် အစိုးရ၏ စည်းကမ်းကြပ်မတ်ပြဋ္ဌာန်းမှုများနှင့် ပတ်သက်ပြီး ဌာနေအဖွဲ့အစည်းအသင်းများက စိုးရိမ်မှုများ မြင့်တက်နေသည်။ ရင်းနှီးမြှုပ်နှံမှုတွင် မှားယွင်းမှုရှိခဲ့ပါက ပြည်သူများအနေဖြင့် ပြင်ဆင်နိုင်ခွင့်မရှိဘဲ ခါးစည်းခံရ မည်သာဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။
အခြားသော အုပ်စုများကလည်း ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့တွင် အစိုးရ၏ ကာကွယ်စည်းကြပ်နိုင်စွမ်းကို ဥပဒေသစ်က ဖြည့်ဆည်းပေးနိုင်မှု မရှိမည်ကို စိုးရိမ်မှုများရှိနေသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့နှင့် တစ်ပေါင်း တစ်စည်းတည်း ဖြစ်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က ကမ္ဘာ့ဘဏ် အုပ်စုအဖွဲ့ဝင် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) ၏ ကူညီထောက်ပံ့မှု ဖြင့် ယင်းဥပဒေသစ်ကို ရေးဆွဲလျက်ရှိသည်။
IFC က စီးပွားရေးလုပ်ငန်းများ၏ လူ့အခွင့်အရေး လေးစားမှုအပေါ် တာဝန်ခံမှုနှင့် အစိုးရကလည်း အခွင့်အရေး အလွဲသုံးစားမှုများကို ကာကွယ်ရေးတွင် တာဝန်ရှိသည်ဟု အသိအမှတ်ပြုလက်ခံထားသည်။
''ကမ္ဘာ့ဘဏ်၊ IFC နဲ့ တခြားကူညီသူတွေနဲ့၊ ရင်းနှီးမြှုပ်နှံသူများ အနေနဲ့ မြန်မာအစိုးရကို တွန်းအားပေး သင့်တယ်။ ဒါက ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ပိုမိုပြီးအကြံပြုချက်တွေကို လက်ခံသွားဖို့ပဲဖြစ်တယ်။ မြန်မာနိုင်ငံ အတွက် ပိုပြီး အရေးကြီးနေတာက မြန်မြန်ဆန်ဆန် ဖြစ်ဖို့ထက် မှန်ကန်တဲ့ အခွင့်အရေးတွေကို ရဖို့ပဲ ဖြစ်တယ်” ဟု အီဗန်က ပြောသည်။
No comments:
Post a Comment